
နေ့တိုင်းနံနက်တခါ၊ ညတခါ အသီးသီးတယောက်တည်း ဆုတောင်းရမည်။
နေ့တိုင်းနံနက်တခါ၊ ညတခါ၊ အိမ်သူအိမ်သားများ စည်းဝေး၍ ကျမ်းစာဖတ်ခြင်းနှင့် ဆုတောင်းခြင်း ဝတ်ကို အမြဲပြုရမည်။
နံနက်စာညစာကိုမစားမီ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်း၍ ကောင်းချီးမင်္ဂလာကို ဆုတောင်း ရမည်။
ဆိုးသွမ်းသောသူတို့ကို အပေါင်းအဖော်မလုပ်၊ သူတို့ထုံးစံဓလေ့သို့ မလိုက်၊ သတိနှင့် ရှောင်ရမည်။
သေရည်သေရက်ကို ဆရာသမား မစီရင်ဘဲ၊ ကိုယ်အလိုအလျောက် မသောက်မစားသတိနှင့် ရှောင်ရမည်။