နောက်ဆုံးကာလ

နောက်ဆုံးသောကာလတွင်ရှင်သန်နေရသော်လည်း ကျွန်ုပ်တို့ ဝမ်းမြောက်မှုပြုနိုင်ပါသည်။ ထိုသို့ ဝမ်း မြောက်ရသည့်အကြောင်းရင်းများစွာအနက် အချို့ကို ဖေါ်ထုတ်ပြရပါလျင် နောက်ဆုံးသောကာလကို ကျွန်ုပ်တို့ အနေဖြင့် အချိန်၊ နာရီ၊ အပိုင်းအခြား ကန့်သတ်မှုမပြုနိုင်သော်လည်း အောက်ပါအတိုင်းမြင်တွေ့လျက် ဝမ်း မြောက်မှုပြုနိုင်ပါသည်။

(၁) နောက်ဆုံးသောကာလဟူ၍ ဖွင့်ဆိုသူတိုင်း ၁၀၀% မှားလျက်ရှိကြသည်။

(၂) နေ့ရက်များသတ်မှတ်ခြင်းက အနာဂတ်စီမံကိန်းများကို ပျက်ပြားအကျိုးယုတ်စေသည်။

(၃) သတ်မှတ်ချိန်မပြည့်စုံလာသောအခါ အချို့ယုံကြည်ချက်များကိုပျက်ပြားစေသည်။

(၄) ထိုခန့်မှတ်ချက်ကိုစိတ်ချလျက် လူတို့သည် သန့်ရှင်းခြင်းကင်စွာရှင်သန်နေကြသည်။

(၅) မပြည့်စုံလာသောဟောပြောမှုကြောင့် အနာဂါတ်ပျောက်လွင့်စေသည်။

(၆) နေ့ရက်ကာလများသတ်မှတ်ခြင်းက အလိုတော်နှင့်လည်းမညီညွတ်ပါ။

(၇) မပြည့်စုံလာခြင်းကြောင့် မယုံကြည်သူတို့ ပျက်ရယ်ပြုစရာဖြစ်စေသည်။

(၈) ထိုအချိန်သည် ခမည်းတော်လက်၌သာရှိ၍ ကျွန်ုပ်တို့ လုံးဝမပိုင်ဆိုင်ထားပါ (တမန်၊ ၁:၇)။

ထို့ကြောင့် နှုတ်ကပတ်တော်တွင် “သခင်ဘုရားက၊ ခမည်းတော်၏ တန်ခိုးအားဖြင့်စီရင်တော်မူသော အချိန်ကာလကို သိရသောအခွင့်သည် သင်တို့၌မရှိ” (တမန်၊ ၁:၇) ဆိုထားသောကြောင့် ကျွန်ုပ်တို့သည် နွားရှေ့ ထွန်ကျူးဆိုသော စကားအတိုင်း ဘုရားထက်အတတ်ကျူး၍ လူများစွာကို လမ်းလွဲစေခြင်းက စစ်မှန်သော မင်္ဂလာလည်းမဟုတ်ကြောင်း သတိပြုကြရပါမည် (တိ၊ ၂:၁၂-၁၄၊ မာ၊ ၁၃:၃၂-၃၇)။

 

ဆင်ခြင်မှု – ခရစ်တော်ဘုရား ပြန်ကြွလာမည်ကို သိမှတ်လျက် ထိုအရှင်ရှေ့တော်မှောက်၌ စုံလင်သော အသက်တာဖြင့်ဝင်ရောက်ခွင့်ရရှိဖို့ ရှင်သန်သွားလာကြရပါမည်။

နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

ကယ်တင်ခြင်းစိတ်ချမှု

ခရစ်တော်ကို အသက်သခင်ကယ်တင်ရှင်အဖြစ် သက်ဝင်ယုံကြည်သည်နှင့် ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင့်အနွယ်တော်ဝင် အိမ်တော်သားဖြစ်ခွင့်မှာ ထာဝရဖြစ်သည် (ရော၊ ၈:၂၈-၃၀)။ ဘုရားသားသမီးများ ဖြစ်သောကျွန်ုပ်တို့သည် မည်သို့သောဖြစ်တည်မှုပင်ရှိပါစေ ထာဝရအိမ်တော်သားအဖြစ် စိတ်ချလုံခြုံမှုရှိနေပါ သည်။  ထိုသို့ဆိုခြင်းဖြင့် ခရစ်ယာန်တို့သည် လုံးဝအမှားအယွင်းများမပြုနိုင်တော့ဟူ၍ ဆိုလိုခြင်းမဟုတ်ပါ။ မှန်ပါသည် မစုံလင်သောလောကတွင် ခရစ်ယာန်တို့သည် အမှားကိုကျူးလွန်မိသည့်တိုင် ထိုသို့သောဘဝလမ်း စဉ်တို့၌ နောင်တမရလျင် ဘုရားသခင်သည် မိဘဖြစ်သည့်အတိုင်း ဆုံးမသွန်သင်မှုကိုပြု၍ နောင်တလမ်းသို့ပို့ ဆောင်ပေးတော်မူပါလိမ့်မည် (ဟေဗြဲ၊ ၁၂:၄-၁၁)။ ခရစ်ယာန်တို့အနေဖြင့် ဘုရားသခင့်အထံတော်မှ သာမန်ဆုံး မခြင်းကို နားထောင်ခြင်းမရှိပါလျင် ကြီးစွာသောဆုံးမခြင်းကို အမှန်ပင်ခံယူကြရမည်မှာ မည်သို့မှရှောင်လွဲမရ နိုင်သော မိဘနှင့်သားသမီးများအကြားရှိ နိယာမတစ်ခုပင်ဖြစ်သည်။ ဧဖက်၊ ၄:၃၀ ၌ ကျွန်ုပ်တို့အားလုံးသည် ရွေးနှုတ်ခြင်းနေ့ရက်တိုင် တံဆိပ်ရိုက်ခြင်းကို ခံထားရသူများ ဖြစ်ကြောင်းဆိုထားပါသည်။ ထိုတံဆိပ်ရိုက်ခြင်းဆိုသည်မှာ ဘုရားသခင်မှ ကျွန်ုပ်တို့ကို […]