အသင်းတော်ပဋိညာဉ်ဆယ်ပါး

 

အသင်းသားတို့ ဝန်ခံမှုပြုသော ပဋိညာဉ်ဆယ်ပါး

ငါတို့သည် သခင်ယေရှုခရစ်ကို ယုံကြည်၍ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမတော်၌နှစ်ခြင်းမင်္ဂလာကိုခံသောသူဖြစ်၍ အသီးသီး အလွတ်အလပ်မနေ၊ တယောက်တခြားစီ ကိုးကွယ်ခြင်းကိုသာ ပြုမည်မဟုတ်၊ အချင်းချင်းအပေါင်းအသင်းဖွဲ့၍ အသင်းတော်ပြုရသော ဝတ်ကို အမြဲပြုပါမည် ကတိထားကြ၏။

ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ငါတို့အားဟောပြော၍၊ ငါတို့ ကိုအုပ်သော သူတို့၏စကားနှင့် အသင်းတော်၏စကားကို နားထောင်၍ သခင်ဘုရားကို ခန့်ငြားသောအားဖြင့် အချင်းချင်းတယောက်အောက် တယောက်  ကိုယ်ကိုနှိမ့်ချလျက် နေပါမည်ဟု ကတိထားကြ၏။

ခုနှစ်ရက်တွင် ပထမနေ့ရက်ရောက်သော်၊ အလုပ်လုပ်ခြင်း၊ လောကီ၌ ပျော်မွေ့ခြင်း၊ ရောင်းဝယ်ခြင်း အမှုတို့ကိုရှောင်၍ ကိုးကွယ်ခြင်း အမှုတို့ကို ပြုခြင်းငှာ နှစ်ခါစည်းဝေးပါမည်ဟူ၍လည်းကောင်း၊ အသင်းတော် ချိန်း ချက်သောအချိန်ရောက်သောအခါ မုန့်စပျစ်ရည်သောက်စားခြင်း၊ မင်္ဂလာ ကိုခံခြင်း အစရှိသော အသင်းတော်အမှုတို့ကို .ရွက်ဆောင်ခြင်းငှာ စည်းဝေး ပါ မည်ဟူ၍ လည်းကောင်း ကတိထားကြ၏

သင်းဝင်သူချင်းတယောက်ကိုတယောက် မနာလိုသောစိတ်၊ ငြူစုသော စိတ် မရှိညီအစ်ကိုချင်း ချစ်ခြင်း မေတ္တာ၌ တည်၍ သူ့အကျိုးကို ကိုယ့်အကျိုး ကဲ့သို့ မှတ်လျက် တတ်နိုင်သမျှအတိုင်းကျေးဇူးပြုပါမည်ဟု ကတိထားကြ၏

သင်းဝင်သူတစုံတယောက်သည် ပြစ်မှားလျှင် ငါတို့သည် မဆိုင် သောသူကဲ့သို့ ကြည့်၍မနေ၊ ကြင်နာသော စိတ်နှင့်သတိပေး၍ ပညတ်တော် ရှိသည့်အတိုင်း ဆုံးမပါမည်ဟုကတိထားကြ၏

 

ပြစ်မှား၍ နောင်တမရ၊ နားမထောင်ဘဲ နေသောသူတို့ကို လက် မခံ၊ အာပတ်ပေးမည် ဟူ၍လည်းကောင်း၊ အထပ်ထပ် နားမထောင်၊ မျှော်လင့်စရာ မရှိသောအခါ သင်းဝင်သူအရာကိုနှုတ်၍ နှင်ထုတ်ပါမည် ဟူ၍ လည်းကောင်း ကတိထားကြ၏။

ဓမ္မဆရာတို့ အသက်မွေးစေခြင်း၊ ဆင်းရဲသော တပည့်တော်တို့ကို မစခြင်း၊ အစရှိသော အသင်းတော်အမှုကို ဆောင်ဖို့ရာ အသီးအသီး ကောင်းစားသည်အတိုင်း စေတနာစိတ်ရှိ၍ အလှူကို လှူပါမည်ဟု ကတိ ထားကြ၏။

 အသင်းတော်သည် တောင်ထိပ်၌ တည်သောမြို့ကဲ့သို့ထင်ရှား၍ ဤလောက၏ အလင်းဖြစ်စေခြင်းငှာ ခန့်ထားတော်မူသည်နှင့်အညီ၊ သူတပါးတို့သည် ငါတို့၏ ကောင်းသော အကျင့်ကိုမြင်၍ ကောင်း ကင် ဘုံ၌ရှိတော်မူသော ငါတို့အဘ၏ ဂုဏ်တော်ကိုချီးမွမ်းစေခြင်းငှာ သူတပါးရှေ့၌  ငါတို့၏အလင်းကို လင်းပါမည်ဟု ကတိထားကြ၏။

ကိုယ့်သားသမီး အဆွေအမျိုး အသိအကျွမ်းရှိသမျှတို့သည် တပည့် တော် အဖြစ်သို့ရောက်ရမည် အကြောင်းနှင့် သခင်ယေရှုခရစ်၏ အမှု တော်ကို ဆောင်၍ နိုင်ငံတော်ကို ကျယ်ဝန်းစေမည်အကြောင်း အစဉ် အမြဲ ကြိုးစားအား ထုတ်ပါမည်ဟုကတိထားကြ၏။

 

သမ္မာကျမ်းစာ၌ ပါသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်၍ ဖြောင့်မတ်သောအကျင့်၊ လျှောက် ပတ်သောအကျင့်၊ စင်ကြယ်သော အကျင့်၊ သူတပါးနှစ်သက်ဖွယ်သောအကျင့်၊ ချီးမွမ်းဖွယ်သောအကျင့် ရှိသမျှတို့ကိုလည်းကောင်း၊ ပါရမီတပါးပါး ကောင်းသော သတင်း တပါး ပါးနှင့် ဆိုင်သောအကျင့်ကိုလည်းကောင်း၊ နှလုံးသွင်း၍ ကျင့်ခြင်းငှာ အစဉ်အမြဲ ကြိုးစားအားထုတ်ပါမည်ဟု ကတိထားကြ ၏။

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

အသင်းဝင်မဖြစ်မှီ ပြုရမည့်အရာများ

နိဒါန်း။ အသင်းတော်တစ်ပါး၌ အသင်းသားအဖြစ် မခံယူမှီ ထိုအသင်းတော်၏ အခြေခံယုံကြည်ချက်နှင့် ရပ်တည်ချက်များကို ဦးစွာလေ့လာမှုပြုရန် လိုအပ်ပါသည်။ အကယ်၍ ထိုသို့မေးမြန်းရန် အသိမိတ်ဆွေမရှိခဲ့လျင် အသင်းတော်၏ သင်းအုပ်ဆရာနှင့်တွေ့ဆုံပြီး မေးမြန်းလေ့လာနိုင်ပါသည်။ ထိုသို့လေ့လာခြင်း၊ မေးမြန်းခြင်း၊ ဆွေးနွေးခြင်းများပြုသည့်အတွက်လည်း ဘုရားကိုချစ်သော သင်းအုပ်ဆရာသည် သင့်အားဝမ်းမြောက်စွာကြိုဆိုလျက် ဖြေကြားပေးပါလိမ့်မည်။ အောက်ပါမေးခွန်းများမှာ သင့် ကာယ၊ စိတ္တ၊ ဝိဉာဏအတွက် အမှန်အဖြေရှာလေ့လာမေးမြန်းရမည့်အရာများလည်းဖြစ်သည်။ ၁။ နှုတ်ကပတ်တော်သည် ယနေ့ကျွန်ုပ်တို့ တစ်ဦးခြင်းအတွက် မမှားမယွင်းသော ပြည့်ဝစုံလင်သည့် ဘုရားစကားအဖြစ် ယုံကြည်ပါရဲ့လား။ ၂။ လက်ရှိကျွန်ုပ်တို့ကိုင်နေသော ယုဒသန်ကျမ်းစာသည် မြန်မာစကားကိုအသုံးပြုသောသူများအတွက် ပြန်ပြင်ဆင်ရန်မလိုသော ဘုရားစကားတော်အဖြစ်ယုံကြည်ပါသလား။ ၃။ ဘုရားသခင်သည် ခမည်းတော်ဘုရား၊ သားတော်ဘုရား၊ ဝိညာဉ်တော်ဘုရားဟူ၍တည်ရှိသော သုံးပါးတစ်ဆူအဖြစ် ယုံကြည်ပါသလား။  ၄။ ခရစ်တော်ဘုရားသည် အပျိုကညာဝမ်း၌ လူ့ဇာတိကိုခံယူသော အပြစ်နှင့်ကင်းစင်၍ ဆင်းကြွတော်မူခဲ့သောဘုရားအဖြစ် ယုံကြည်ပါသလား။   ၅။ ခရစ်တော်သည် ကားတိုင်တော်ထမ်းလျက် ကရနီတောင်ကုန်းထက်တွင် […]

ယုံကြည်သူနှင့် အတင်းအဖျင်း

၁။ အတင်းအဖျင်းဟူသည်။ “အတင်းအဖျင်းပြောသူ”ဟူသည် ဟေဗြဲလိုအားဖြင့် အောက်ပါအတိုင်းဖွင့်ဆိုထားသည်ကိုတွေ့ရသည်။ အတင်းအဖျင်းပြောသူဟူသည် တစ်စုံတစ်ဦး၏လျို့ဝှက်ချက်များအား ကာယကံရှင်မသိလေအောင် လှည့်လည် ပြောဆိုခြင်း (သို့) အပို၊ အလိုဖြင့်အမနာပပြောဆိုခြင်းဟုဆိုထားပါသည်။ အတင်းအဖျင်းပြောသူသည် တစ်နည်းအားဖြင့် လူတွေ၏သတင်းအချက်အလက်နှင့် ကိုယ်ရေးကိုယ်တာများကို သိရှိရန်စုံစမ်းပြီး၊ အလုပ်အကိုင်မဟုတ် အကြောင်းရှာကာ အရပ်တကာလှည့်၍ မိမိနှင့်မဆိုင်သောအမှုကိစ္စများ အားပြောဆိုခြင်းဟူ၍ဆိုထားပါသည်။ ၂၊ အတင်းပြောခြင်းရည်ရွယ်ချက်။ အတင်းအဖျင်းပြောရာတွင် ရည်ရွယ်ချက်နှစ်ရပ်ရှိသည်။ (၁) အမွမ်းတင်ခြင်း။ အတင်းအဖျင်းပြောသူသည် အခြားသူများအကြောင်းကို မကောင်းပြောဆိုရင်း မိမိကိုယ်ကိုမိမိလူကောင်းတစ်ဦး (သို့) လူတော်တစ်ဦးအသွင်ရယူလိုသောကြောင့် အခြားသူများကို နှိပ့်ချပြီး မိမိဘဝကိုမြင့်မြတ်သူဖြစ်လိုသူများ ဖြစ်ကြသည်။ (၂) အများမကောင်းကြောင်းကိုသိစေလိုခြင်း။ အတင်းအဖျင်းပြောသူသည် တစ်ပါးသူ၏ အားနည်းချက်၊ ကျဆုံးခြင်း (သို့) အရှက်သိက္ခာကျရောက်စေရန် ရည် ရွယ်၍ ကာယကံရှင်မသိသောအကြောင်းအရာများကို လိုတိုး၊ ပိုလျော့၍ပြောဆိုခြင်း။ တစ်ပါးသူအား နာကျင်စေ မှုမရှိပါဟုဆိုသည့်တိုင် […]