ခရစ်တော်ကို အသက်သခင်ကယ်တင်ရှင်အဖြစ် သက်ဝင်ယုံကြည်သည်နှင့် ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင့်အနွယ်တော်ဝင် အိမ်တော်သားဖြစ်ခွင့်မှာ ထာဝရဖြစ်သည် (ရော၊ ၈:၂၈-၃၀)။ ဘုရားသားသမီးများ ဖြစ်သောကျွန်ုပ်တို့သည် မည်သို့သောဖြစ်တည်မှုပင်ရှိပါစေ ထာဝရအိမ်တော်သားအဖြစ် စိတ်ချလုံခြုံမှုရှိနေပါ သည်။ ထိုသို့ဆိုခြင်းဖြင့် ခရစ်ယာန်တို့သည် လုံးဝအမှားအယွင်းများမပြုနိုင်တော့ဟူ၍ ဆိုလိုခြင်းမဟုတ်ပါ။ မှန်ပါသည် မစုံလင်သောလောကတွင် ခရစ်ယာန်တို့သည် အမှားကိုကျူးလွန်မိသည့်တိုင် ထိုသို့သောဘဝလမ်း စဉ်တို့၌ နောင်တမရလျင် ဘုရားသခင်သည် မိဘဖြစ်သည့်အတိုင်း ဆုံးမသွန်သင်မှုကိုပြု၍ နောင်တလမ်းသို့ပို့ ဆောင်ပေးတော်မူပါလိမ့်မည် (ဟေဗြဲ၊ ၁၂:၄-၁၁)။ ခရစ်ယာန်တို့အနေဖြင့် ဘုရားသခင့်အထံတော်မှ သာမန်ဆုံး မခြင်းကို နားထောင်ခြင်းမရှိပါလျင် ကြီးစွာသောဆုံးမခြင်းကို အမှန်ပင်ခံယူကြရမည်မှာ မည်သို့မှရှောင်လွဲမရ နိုင်သော မိဘနှင့်သားသမီးများအကြားရှိ နိယာမတစ်ခုပင်ဖြစ်သည်။ ဧဖက်၊ ၄:၃၀ ၌ ကျွန်ုပ်တို့အားလုံးသည် ရွေးနှုတ်ခြင်းနေ့ရက်တိုင် တံဆိပ်ရိုက်ခြင်းကို ခံထားရသူများ ဖြစ်ကြောင်းဆိုထားပါသည်။ ထိုတံဆိပ်ရိုက်ခြင်းဆိုသည်မှာ ဘုရားသခင်မှ ကျွန်ုပ်တို့ကို […]
Author: mgm.org
Mar
25
Mar
25
လူသား
Mar
25
သန့်ရှင်းဝိညာဉ်တော်
Mar
25
အပြစ်တရား
Mar
25
နောက်ဆုံးကာလ
Mar
25
အသင်းတော်
Mar
25
စာတန်မာရ်နတ်
Mar
25
ခမည်းတော်
Mar
25
ယေရှုခရစ်တော်
Mar
24
ဝန်ခံသောနည်းငါးပါ
အမှတ်စဉ် – ၁ နေ့တိုင်းနံနက်တခါ၊ ညတခါ အသီးသီးတယောက်တည်း ဆုတောင်းရမည်။ အမှတ်စဉ် -၂ နေ့တိုင်းနံနက်တခါ၊ ညတခါ၊ အိမ်သူအိမ်သားများ စည်းဝေး၍ ကျမ်းစာဖတ်ခြင်းနှင့် ဆုတောင်းခြင်း ဝတ်ကို အမြဲပြုရမည်။ အမှတ်စဉ် -၃ နံနက်စာညစာကိုမစားမီ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်း၍ ကောင်းချီးမင်္ဂလာကို ဆုတောင်း ရမည်။ အမှတ်စဉ် -၄ ဆိုးသွမ်းသောသူတို့ကို အပေါင်းအဖော်မလုပ်၊ သူတို့ထုံးစံဓလေ့သို့ မလိုက်၊ သတိနှင့် ရှောင်ရမည်။ အမှတ်စဉ် -၅ သေရည်သေရက်ကို ဆရာသမား မစီရင်ဘဲ၊ ကိုယ်အလိုအလျောက် မသောက်မစားသတိနှင့် ရှောင်ရမည်။