အသင်းဝင်မဖြစ်မှီ ပြုရမည့်အရာများ

နိဒါန်း။ အသင်းတော်တစ်ပါး၌ အသင်းသားအဖြစ် မခံယူမှီ ထိုအသင်းတော်၏ အခြေခံယုံကြည်ချက်နှင့် ရပ်တည်ချက်များကို ဦးစွာလေ့လာမှုပြုရန် လိုအပ်ပါသည်။ အကယ်၍ ထိုသို့မေးမြန်းရန် အသိမိတ်ဆွေမရှိခဲ့လျင် အသင်းတော်၏ သင်းအုပ်ဆရာနှင့်တွေ့ဆုံပြီး မေးမြန်းလေ့လာနိုင်ပါသည်။ ထိုသို့လေ့လာခြင်း၊ မေးမြန်းခြင်း၊ ဆွေးနွေးခြင်းများပြုသည့်အတွက်လည်း ဘုရားကိုချစ်သော သင်းအုပ်ဆရာသည် သင့်အားဝမ်းမြောက်စွာကြိုဆိုလျက် ဖြေကြားပေးပါလိမ့်မည်။ အောက်ပါမေးခွန်းများမှာ သင့် ကာယ၊ စိတ္တ၊ ဝိဉာဏအတွက် အမှန်အဖြေရှာလေ့လာမေးမြန်းရမည့်အရာများလည်းဖြစ်သည်။ ၁။ နှုတ်ကပတ်တော်သည် ယနေ့ကျွန်ုပ်တို့ တစ်ဦးခြင်းအတွက် မမှားမယွင်းသော ပြည့်ဝစုံလင်သည့် ဘုရားစကားအဖြစ် ယုံကြည်ပါရဲ့လား။ ၂။ လက်ရှိကျွန်ုပ်တို့ကိုင်နေသော ယုဒသန်ကျမ်းစာသည် မြန်မာစကားကိုအသုံးပြုသောသူများအတွက် ပြန်ပြင်ဆင်ရန်မလိုသော ဘုရားစကားတော်အဖြစ်ယုံကြည်ပါသလား။ ၃။ ဘုရားသခင်သည် ခမည်းတော်ဘုရား၊ သားတော်ဘုရား၊ ဝိညာဉ်တော်ဘုရားဟူ၍တည်ရှိသော သုံးပါးတစ်ဆူအဖြစ် ယုံကြည်ပါသလား။  ၄။ ခရစ်တော်ဘုရားသည် အပျိုကညာဝမ်း၌ လူ့ဇာတိကိုခံယူသော အပြစ်နှင့်ကင်းစင်၍ ဆင်းကြွတော်မူခဲ့သောဘုရားအဖြစ် ယုံကြည်ပါသလား။   ၅။ ခရစ်တော်သည် ကားတိုင်တော်ထမ်းလျက် ကရနီတောင်ကုန်းထက်တွင် […]