နိဒါန်း။ အသင်းတော်တစ်ပါး၌ အသင်းသားအဖြစ် မခံယူမှီ ထိုအသင်းတော်၏ အခြေခံယုံကြည်ချက်နှင့် ရပ်တည်ချက်များကို ဦးစွာလေ့လာမှုပြုရန် လိုအပ်ပါသည်။ အကယ်၍ ထိုသို့မေးမြန်းရန် အသိမိတ်ဆွေမရှိခဲ့လျင် အသင်းတော်၏ သင်းအုပ်ဆရာနှင့်တွေ့ဆုံပြီး မေးမြန်းလေ့လာနိုင်ပါသည်။ ထိုသို့လေ့လာခြင်း၊ မေးမြန်းခြင်း၊ ဆွေးနွေးခြင်းများပြုသည့်အတွက်လည်း ဘုရားကိုချစ်သော သင်းအုပ်ဆရာသည် သင့်အားဝမ်းမြောက်စွာကြိုဆိုလျက် ဖြေကြားပေးပါလိမ့်မည်။ အောက်ပါမေးခွန်းများမှာ သင့် ကာယ၊ စိတ္တ၊ ဝိဉာဏအတွက် အမှန်အဖြေရှာလေ့လာမေးမြန်းရမည့်အရာများလည်းဖြစ်သည်။ ၁။ နှုတ်ကပတ်တော်သည် ယနေ့ကျွန်ုပ်တို့ တစ်ဦးခြင်းအတွက် မမှားမယွင်းသော ပြည့်ဝစုံလင်သည့် ဘုရားစကားအဖြစ် ယုံကြည်ပါရဲ့လား။ ၂။ လက်ရှိကျွန်ုပ်တို့ကိုင်နေသော ယုဒသန်ကျမ်းစာသည် မြန်မာစကားကိုအသုံးပြုသောသူများအတွက် ပြန်ပြင်ဆင်ရန်မလိုသော ဘုရားစကားတော်အဖြစ်ယုံကြည်ပါသလား။ ၃။ ဘုရားသခင်သည် ခမည်းတော်ဘုရား၊ သားတော်ဘုရား၊ ဝိညာဉ်တော်ဘုရားဟူ၍တည်ရှိသော သုံးပါးတစ်ဆူအဖြစ် ယုံကြည်ပါသလား။ ၄။ ခရစ်တော်ဘုရားသည် အပျိုကညာဝမ်း၌ လူ့ဇာတိကိုခံယူသော အပြစ်နှင့်ကင်းစင်၍ ဆင်းကြွတော်မူခဲ့သောဘုရားအဖြစ် ယုံကြည်ပါသလား။ ၅။ ခရစ်တော်သည် ကားတိုင်တော်ထမ်းလျက် ကရနီတောင်ကုန်းထက်တွင် […]
Category: bible
မိစ္ဆာဘုရားတုများ
ကျမ်းစာခေတ်နဲ့ညီရဲ့လား
အပြစ်တရား
နောက်ဆုံးကာလ
အသင်းတော်
ခမည်းတော်
ယေရှုခရစ်တော်
သမ္မာကျမ်းစာ
သမ္မာကျမ်းစာ အချို့သောသူများက နှုတ်ကပတ်တော်ကျမ်းစာသည်တစ်ခုတည်းသော သမ္မာတရားအဖြစ် ယုံကြည် ခြင်းမရှိဟုဆိုကြသည်။ ထိုသို့ပြောရခြင်းမှာလည်း အချို့က ထိုသို့သောသွန်သင်ချက်မျိုးကို မူစလင်တို့ ကိုရမ်၊ ဟိန္ဒူတို့၏ ဝေဒကျမ်းများ၌လည်းအလားတူ သွန်သင်ထားသည်ဟူ၍ ဆိုကြပါသည်။ ဆိုလိုရင်းမှာ နှုတ်ကပတ် တော်သမ္မာကျမ်းစာနည်းတူ ကိုရမ်နှင့် ဝေဒကျမ်းတို့သည်လည်းတူညီကြပြီး အချို့သောအပေါ်ယံသဘောသာ မတူညီကြခြင်းဖြစ်သည်ဟူ၍ ထင်ကြေးပေးကြပါသည်။ ဘုရားအဖြစ်တော်နှင့် ဂုဏ်တော်ကိုပဲ ကျွန်ုပ်တို့သုံးသပ်မှုပြုနိုင်ပါသည်။ နှုတ်ကပတ်တော်ကျမ်းစာက ယေရှုသည် သုံးပါးတစ်ဆူအဖြစ်တော်၌ ဒုတိယပုဂ္ဂိုလ်အဖြစ်ရှိကြောင်း အတိအလင်းဆိုထားပါသည် (မာ၊ ၁၂:၂၉၊ ယော၊ ၄:၂၄၊ ၅:၁၈-၁၉)။ ကိုရမ်ကျမ်းစာ၌ မိုဟာမက်သည် ဘုရားသခင်သည် သုံးပါးတစ်ဆူမဟုတ်ဟု သွန်သင်ထားသည်။ ဟိန္ဒူတို့၏ ဝေဒကျမ်း၌ ဘုရားများစွာရှိပါသည်။ အထူးသဖြင့်မြန်မာစကားတွင်ပါရှိသော ဂင်္ဂါဝါဠုသဲစုမကဟူသော စကားအတိုင်းဘုရားပေါင်းမရေမတွက်နိုင်အောင်များလှသည်ကို သူတို့ကျမ်းများ၌ ဖေါ်ပြထားပါသည်။ ထိုသို့ဆိုလျင် မတူကွဲပြားသောအတွင်းသဏ္ဌာန်များကို ကျွန်ုပ်တို့မြင်နိုင်ကြပြီဖြစ်ပါလိမ့်မည်။ မူစလင် နှင့် ဟိန္ဒူတွင် […]