Category: Membership
မိတ်သဟာယပန်းတိုင်
ခရစ်ယာန်မိတ်သဟာယ ပန်းတိုင် မှာမည်သို့နည်း
သင်းဝင်သူတန်ဖိုး
ဧည့်သည်အသင်းသား
အသင်းတော်ရွေးချယ်ခြင်း
အသင်းမဝင်မီလေ့လာရန်
အသင်းတော်မူဝါဒ
ဘာကြောင့်အသင်းဝင်ရသလဲ
ယုံကြည်သူနှင့် အတင်းအဖျင်း
၁။ အတင်းအဖျင်းဟူသည်။ “အတင်းအဖျင်းပြောသူ”ဟူသည် ဟေဗြဲလိုအားဖြင့် အောက်ပါအတိုင်းဖွင့်ဆိုထားသည်ကိုတွေ့ရသည်။ အတင်းအဖျင်းပြောသူဟူသည် တစ်စုံတစ်ဦး၏လျို့ဝှက်ချက်များအား ကာယကံရှင်မသိလေအောင် လှည့်လည် ပြောဆိုခြင်း (သို့) အပို၊ အလိုဖြင့်အမနာပပြောဆိုခြင်းဟုဆိုထားပါသည်။ အတင်းအဖျင်းပြောသူသည် တစ်နည်းအားဖြင့် လူတွေ၏သတင်းအချက်အလက်နှင့် ကိုယ်ရေးကိုယ်တာများကို သိရှိရန်စုံစမ်းပြီး၊ အလုပ်အကိုင်မဟုတ် အကြောင်းရှာကာ အရပ်တကာလှည့်၍ မိမိနှင့်မဆိုင်သောအမှုကိစ္စများ အားပြောဆိုခြင်းဟူ၍ဆိုထားပါသည်။ ၂၊ အတင်းပြောခြင်းရည်ရွယ်ချက်။ အတင်းအဖျင်းပြောရာတွင် ရည်ရွယ်ချက်နှစ်ရပ်ရှိသည်။ (၁) အမွမ်းတင်ခြင်း။ အတင်းအဖျင်းပြောသူသည် အခြားသူများအကြောင်းကို မကောင်းပြောဆိုရင်း မိမိကိုယ်ကိုမိမိလူကောင်းတစ်ဦး (သို့) လူတော်တစ်ဦးအသွင်ရယူလိုသောကြောင့် အခြားသူများကို နှိပ့်ချပြီး မိမိဘဝကိုမြင့်မြတ်သူဖြစ်လိုသူများ ဖြစ်ကြသည်။ (၂) အများမကောင်းကြောင်းကိုသိစေလိုခြင်း။ အတင်းအဖျင်းပြောသူသည် တစ်ပါးသူ၏ အားနည်းချက်၊ ကျဆုံးခြင်း (သို့) အရှက်သိက္ခာကျရောက်စေရန် ရည် ရွယ်၍ ကာယကံရှင်မသိသောအကြောင်းအရာများကို လိုတိုး၊ ပိုလျော့၍ပြောဆိုခြင်း။ တစ်ပါးသူအား နာကျင်စေ မှုမရှိပါဟုဆိုသည့်တိုင် […]