အသင်းဝင်မဖြစ်မှီ ပြုရမည့်အရာများ

နိဒါန်း။ အသင်းတော်တစ်ပါး၌ အသင်းသားအဖြစ် မခံယူမှီ ထိုအသင်းတော်၏ အခြေခံယုံကြည်ချက်နှင့် ရပ်တည်ချက်များကို ဦးစွာလေ့လာမှုပြုရန် လိုအပ်ပါသည်။ အကယ်၍ ထိုသို့မေးမြန်းရန် အသိမိတ်ဆွေမရှိခဲ့လျင် အသင်းတော်၏ သင်းအုပ်ဆရာနှင့်တွေ့ဆုံပြီး မေးမြန်းလေ့လာနိုင်ပါသည်။ ထိုသို့လေ့လာခြင်း၊ မေးမြန်းခြင်း၊ ဆွေးနွေးခြင်းများပြုသည့်အတွက်လည်း ဘုရားကိုချစ်သော သင်းအုပ်ဆရာသည် သင့်အားဝမ်းမြောက်စွာကြိုဆိုလျက် ဖြေကြားပေးပါလိမ့်မည်။ အောက်ပါမေးခွန်းများမှာ သင့် ကာယ၊ စိတ္တ၊ ဝိဉာဏအတွက် အမှန်အဖြေရှာလေ့လာမေးမြန်းရမည့်အရာများလည်းဖြစ်သည်။ ၁။ နှုတ်ကပတ်တော်သည် ယနေ့ကျွန်ုပ်တို့ တစ်ဦးခြင်းအတွက် မမှားမယွင်းသော ပြည့်ဝစုံလင်သည့် ဘုရားစကားအဖြစ် ယုံကြည်ပါရဲ့လား။ ၂။ လက်ရှိကျွန်ုပ်တို့ကိုင်နေသော ယုဒသန်ကျမ်းစာသည် မြန်မာစကားကိုအသုံးပြုသောသူများအတွက် ပြန်ပြင်ဆင်ရန်မလိုသော ဘုရားစကားတော်အဖြစ်ယုံကြည်ပါသလား။ ၃။ ဘုရားသခင်သည် ခမည်းတော်ဘုရား၊ သားတော်ဘုရား၊ ဝိညာဉ်တော်ဘုရားဟူ၍တည်ရှိသော သုံးပါးတစ်ဆူအဖြစ် ယုံကြည်ပါသလား။  ၄။ ခရစ်တော်ဘုရားသည် အပျိုကညာဝမ်း၌ လူ့ဇာတိကိုခံယူသော အပြစ်နှင့်ကင်းစင်၍ ဆင်းကြွတော်မူခဲ့သောဘုရားအဖြစ် ယုံကြည်ပါသလား။   ၅။ ခရစ်တော်သည် ကားတိုင်တော်ထမ်းလျက် ကရနီတောင်ကုန်းထက်တွင် […]

ယုံကြည်သူနှင့် အတင်းအဖျင်း

၁။ အတင်းအဖျင်းဟူသည်။ “အတင်းအဖျင်းပြောသူ”ဟူသည် ဟေဗြဲလိုအားဖြင့် အောက်ပါအတိုင်းဖွင့်ဆိုထားသည်ကိုတွေ့ရသည်။ အတင်းအဖျင်းပြောသူဟူသည် တစ်စုံတစ်ဦး၏လျို့ဝှက်ချက်များအား ကာယကံရှင်မသိလေအောင် လှည့်လည် ပြောဆိုခြင်း (သို့) အပို၊ အလိုဖြင့်အမနာပပြောဆိုခြင်းဟုဆိုထားပါသည်။ အတင်းအဖျင်းပြောသူသည် တစ်နည်းအားဖြင့် လူတွေ၏သတင်းအချက်အလက်နှင့် ကိုယ်ရေးကိုယ်တာများကို သိရှိရန်စုံစမ်းပြီး၊ အလုပ်အကိုင်မဟုတ် အကြောင်းရှာကာ အရပ်တကာလှည့်၍ မိမိနှင့်မဆိုင်သောအမှုကိစ္စများ အားပြောဆိုခြင်းဟူ၍ဆိုထားပါသည်။ ၂၊ အတင်းပြောခြင်းရည်ရွယ်ချက်။ အတင်းအဖျင်းပြောရာတွင် ရည်ရွယ်ချက်နှစ်ရပ်ရှိသည်။ (၁) အမွမ်းတင်ခြင်း။ အတင်းအဖျင်းပြောသူသည် အခြားသူများအကြောင်းကို မကောင်းပြောဆိုရင်း မိမိကိုယ်ကိုမိမိလူကောင်းတစ်ဦး (သို့) လူတော်တစ်ဦးအသွင်ရယူလိုသောကြောင့် အခြားသူများကို နှိပ့်ချပြီး မိမိဘဝကိုမြင့်မြတ်သူဖြစ်လိုသူများ ဖြစ်ကြသည်။ (၂) အများမကောင်းကြောင်းကိုသိစေလိုခြင်း။ အတင်းအဖျင်းပြောသူသည် တစ်ပါးသူ၏ အားနည်းချက်၊ ကျဆုံးခြင်း (သို့) အရှက်သိက္ခာကျရောက်စေရန် ရည် ရွယ်၍ ကာယကံရှင်မသိသောအကြောင်းအရာများကို လိုတိုး၊ ပိုလျော့၍ပြောဆိုခြင်း။ တစ်ပါးသူအား နာကျင်စေ မှုမရှိပါဟုဆိုသည့်တိုင် […]

အသင်းသားတာဝန်များ

  အသင်းသားတာဝန် ၁။ အသင်းတော်အစီအစဉ်များဖြစ်သော ကျမ်းစာသင်ကြားခြင်း၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းနှင့် အခြား အသင်းတော်အစီအစဉ်များတွင် တက်ရောက်ပါဝင်ခြင်း။ ၂။ ဆယ်ဖို့တစ်ဘို့၊ အလှူဘဏ္ဍာငွေပေးလှူခြင်းနှင့် အသင်းတော်အမှုများတွင် ငွေအား၊ လူအားဖြင့်ပါဝင်ခြင်း။ ၃။ အသင်းတော်ရှိသမ္မာကျမ်းအခြေခံ အသင်းသားကျင့်ဝတ်များကို လိုက်နာခြင်း။ ၄။ အသင်းတော်ပဋိညာဉ်ဆယ်ပါးကို လိုက်နာခြင်း။ ၅။ အသင်းတော်၏ ယုံကြည်ချက်၊ မူဝါဒနှင့် လမ်းစဉ်များကိုလိုက်နာခြင်း။ ၆။ ဆုတောင်းအစီအစဉ်၊ အသင်းတော်ရှိ အမျိုးသမီး၊ အမျိုးသား၊ လူငယ်၊ ဓမ္မပညာစသောအမှုတော်ဌာန တစ်ခု ခုတွင် တက်ကြွစွာပါဝင်‌ဆောင်ရွက်ခြင်း။ ၇။ အသင်းသားတိုင်း အသင်းတော်၏ ဧဝံဂေလိ၊ အသင်းတော်တည်ဆောက်ခြင်းနှင့်  သာသနာမိတ်ဖက် လှုပ်ရှား မှုများတွင် ပူးပေါင်းဆောင်ရွက်ခြင်း (သို့) အသင်းတော်ခေါင်းဆောင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။ ၈။ အသင်းသားတိုင်း ညီညွတ်ရေးကိုရှေ့ရှုလျက် တစ်သီးတစ်ခြားမနေ အားလုံးပူးပေါင်းဆောင်ရွက်ခြင်း။ […]