Category: Faith
မိစ္ဆာဘုရားတုများ
ကျမ်းစာခေတ်နဲ့ညီရဲ့လား
အသင်းတော်မူဝါဒ
ဝတ်ပြုကိုးကွယ်ခြင်းဟူသည်
အသင်းဝင်ခြင်းမှပျက်ပြယ်ခြင်း
ကယ်တင်ခြင်းစိတ်ချမှု
ခရစ်တော်ကို အသက်သခင်ကယ်တင်ရှင်အဖြစ် သက်ဝင်ယုံကြည်သည်နှင့် ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင့်အနွယ်တော်ဝင် အိမ်တော်သားဖြစ်ခွင့်မှာ ထာဝရဖြစ်သည် (ရော၊ ၈:၂၈-၃၀)။ ဘုရားသားသမီးများ ဖြစ်သောကျွန်ုပ်တို့သည် မည်သို့သောဖြစ်တည်မှုပင်ရှိပါစေ ထာဝရအိမ်တော်သားအဖြစ် စိတ်ချလုံခြုံမှုရှိနေပါ သည်။ ထိုသို့ဆိုခြင်းဖြင့် ခရစ်ယာန်တို့သည် လုံးဝအမှားအယွင်းများမပြုနိုင်တော့ဟူ၍ ဆိုလိုခြင်းမဟုတ်ပါ။ မှန်ပါသည် မစုံလင်သောလောကတွင် ခရစ်ယာန်တို့သည် အမှားကိုကျူးလွန်မိသည့်တိုင် ထိုသို့သောဘဝလမ်း စဉ်တို့၌ နောင်တမရလျင် ဘုရားသခင်သည် မိဘဖြစ်သည့်အတိုင်း ဆုံးမသွန်သင်မှုကိုပြု၍ နောင်တလမ်းသို့ပို့ ဆောင်ပေးတော်မူပါလိမ့်မည် (ဟေဗြဲ၊ ၁၂:၄-၁၁)။ ခရစ်ယာန်တို့အနေဖြင့် ဘုရားသခင့်အထံတော်မှ သာမန်ဆုံး မခြင်းကို နားထောင်ခြင်းမရှိပါလျင် ကြီးစွာသောဆုံးမခြင်းကို အမှန်ပင်ခံယူကြရမည်မှာ မည်သို့မှရှောင်လွဲမရ နိုင်သော မိဘနှင့်သားသမီးများအကြားရှိ နိယာမတစ်ခုပင်ဖြစ်သည်။ ဧဖက်၊ ၄:၃၀ ၌ ကျွန်ုပ်တို့အားလုံးသည် ရွေးနှုတ်ခြင်းနေ့ရက်တိုင် တံဆိပ်ရိုက်ခြင်းကို ခံထားရသူများ ဖြစ်ကြောင်းဆိုထားပါသည်။ ထိုတံဆိပ်ရိုက်ခြင်းဆိုသည်မှာ ဘုရားသခင်မှ ကျွန်ုပ်တို့ကို […]