အသင်းတော်

၁။ အသင်းတော်ဟူသည်။

အချို့က အသင်းတော်ဆိုသည်နှင့် မျက်မြင်ရသော အဆောက်အဦးကိုသာလျင် နားလည်မှုလွဲမှားစွာဖြင့် ထင်မြင် နေကြပါသည်။ ထိုသို့မြင်လိုက်ခြင်းက နှုတ်ကပတ်တော်နှင့် ညီညွတ်သောအမြင်နှင့် အသိမဟုတ်ပါ။ အသင်းတော်ဟူသော စကားလုံးမှာ ဂရိလိုအားဖြင့် “Ekklesia” ဖြစ်ပြီး အဓိပ္ပါယ်မျာ “အစုအဖွဲ့” (သို့) “ရွေးချယ်ခံ” ဟူ၍ဆိုနိုင်ပါသည်။

ထို့ကြောင့် မူရင်းစကားအရ အသင်းတော်ဆိုခြင်းမှာ မျက်မြင်ရသော အဆောက်အဦးထက် ယုံကြည်သူခ ရစ်ယာန်တည်းဟူသော လူပုဂ္ဂိုလ်ကိုသာလျင် ကိုယ်စားပြုလျက် ပြောဆိုနေခြင်းဖြစ်ပါသည်။ ထို့ကြောင့်လည်း ယနေ့အများသောသူတို့က အသင်းတော်ဟုဆိုလိုက်သည်နှင့် သူတို့စုံရုံးလျက် ဝတ်ပြုရာအရပ်ကိုသာလျင် ပြေးမြင်၍ ဖြေဆိုနေကြခြင်းဖြစ်သည်။

ရောမ၊ ၁၆:၅ တွင်ကြည့်ပါက “သူတို့အိမ်၌ ရှိသောအသင်းတော်ကိုလည်း နှုတ်ဆက်ကြလော့” ဟူ၍ဆိုထား သည်ကိုကြည့်ခြင်းအားဖြင့် ပိုမို၍ရှင်းလင်းစေပါသည်။ ထိုသို့ရှင်ပေါလုက အသင်းတော်ဟူ၍ ညွန်းဆိုလိုက်သော အရာမှာ အဆောက်အဦးမဟုတ်ပဲ လူပုဂ္ဂိုလ်များသာဖြစ်ပါသည်။

၂။ ကိုယ်ခန္ဓာတော်တည်းဟူသော အသင်းတော်။

အသင်းတော်သည် ခရစ်တော်ဘုရား၏ ခန္ဓာတော်ဖြစ်ပြီး၊ ခရစ်တော်သည် ထိုအသင်းတော်၏ ဦးခေါင်းအဖြစ် ဖွင့်ဆိုထားပါသည်။ ဧဖက်၊ ၁:၂၂-၂၃ တွင်ကြည့်ပါက “ခြေဘဝါးတော်အောက်သို့ အလုံးစုံတို့ကို ချထားသဖြင့်၊ အသင်းတော်ဘို့အလိုငှါ၊ သူ့ကိုအလုံးစုံတို့၏ အချုပ်အခြာ ဦးခေါင်းဖြစ်စေတော်မူ၏။ ထိုအသင်တော်ကား၊ အလုံး စုံတို့ကို အလုံးစုံတို့နှင့် ပြည့်စုံတော်မူသော သူ၏ပြည့်စုံခြင်းတည်းဟူသော ခရစ်တော်၏ကိုယ် ဖြစ်သတည်း” ဟူ၍ဆိုထားပါသည်။

ခရစ်တော်ဘုရား၏ ကိုယ်ခန္ဓာတော်သည် ယုံကြည်သူများဖြင့် ဖွဲ့စည်းလျက် တည်ဆောက်ထားခြင်းဖြစ်သည်။ ထိုသို့သောစတင်မှုကို တမန်တော် ၂ ရှိ ပင်တေကုတ္တေနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အစပျိုးလျက် တည်ဆောက်ခဲ့သည်။ ထိုအသင်းတော်သည် ခရစ်တော်ဘုရား ပြန်ကြွလာသည့်အချိန်ထိပင်ဖြစ်ပါသည်။

ထို့ကြောင့် ကျမ်းစာအရ အသင်းတော်ဟူ၍ဆိုရာတွင် ထပ်မံ၍ နှစ်မျိုးနှစ်စားခွဲခြမ်း၍ ဆိုနိုင်ပြန်ပါသည်။

၃။ ကမ္ဘာနှင့်စပ်ဆိုင်သောအသင်းတော်။

ကမ္ဘာနှင့်စပ်ဆိုင်သော အသင်းတော်ဟူ၍ဆိုရာတွင် ယုံကြည်သူအားလုံးကို ကိုယ်စားပြုပြီး ခရစ်တော်ဘုရားကို အသက်သခင်အဖြစ်ရှိသူများအားလုံးကို ညွန်းဆို၍ ခေါ်ဝေါ်သောအသုံးအနှုန်းပင်ဖြစ်ပါသည်။ တနည်းအားဖြင့် ယုံကြည်သူများအားလုံးက ခရစ်တော်၏ ကိုယ်ခန္ဓာတော်များဖြစ်ပြီး၊ ခရစ်တော်ဘုရားက ထိုအသင်းတော်၏ ဦးခေါင်းဖြစ်ခြင်းကိုဆိုလိုပါသည်။

“အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ငါတို့ရှိသမျှသည် ဝိညာဉ် တော်တပါးတည်းအားဖြင့် တကိုယ်တည်းထဲသို့ ဗတ္တိဇံကိုခံကြ၏။ ငါတို့ရှိသမျှသည် တစိတ် တဝိညာဉ် တည်းထဲ သို့ လည်း သောက်ကြ၏” (၁ ကော၊ ၁၂:၁၃)။

အထက်ပါကျမ်းစကားအရ ခရစ်တော်ဘုရားကို သက်ဝင်ယုံကြည်သူတိုင်းသည် အသင်းတော်၏ အင်္ဂါအစိတ် အပိုင်းများဖြစ်ကြသည်ကို တွေ့ရပါသည်။ ထို့ကြောင့်လည်း အားလုံးနှင့်စပ်ဆိုင်သောကြောင့် ကမ္ဘာ့အသင်းတော် ဟူ၍ အားလုံးကို ခြုံငုံ၍ ပညာရှင်များက သုံးနှုန်ထားကြခြင်းဖြစ်ပါသည်။

၄။ ဒေသန္တရနှင့်စပ်ဆိုင်သောအသင်းတော်။

ဒေသန္တရအသင်းတော်မှာ နေရာ၊ ဒေသနှင့် လူစုတစ်စုကိုယ်သာလျင် ကိုယ်စားပြုလျက် သုံးနှုန်းထားခြင်းဖြစ် သည်။ ရှင်ပေါလုက “လူနှင့်မစပ်ဆိုင်၊ လူ၏အခွင့်မရှိဘဲလျက်၊ ယေရှုခရစ်၏အခွင့်နှင့်၎င်း၊ ထိုသခင်ကို သေခြင်းမှ ထမြောက် စေတော်မူသော ခမည်းတော် ဘုရားသခင်၏ အခွင့်နှင့်၎င်း၊ တမန်တော်ဖြစ်သောငါပေါလုမှစ၍၊ ငါ့ထံမှာရှိသော ညီအစ်ကိုအပေါင်းတို့သည် ဂလာတိပြည်၌ရှိသော အသင်းတော်များကို ကြားလိုက်ပါ၏” (ဂလာ၊ ၁:၁-၂) တွင် အထက်ပါအတိုင်းဆိုထားပါသည်။

ထို့ကြောင့်လည်း နေရာဒေသနှင့် စပ်ဆိုင်သောအသင်းတော်များကို ဒေသန္တရအသင်းတော်ဟူ၍ခေါ်ဆိုရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အေဂျီ၊ နှစ်ခြင်း၊ နာဇရင်း၊ မက်သဒစ်၊ အင်္ဂလီကန်၊ ညီအစ်ကို၊ နိုးထမှု အစရှိသော အသင်း တော်တို့သည် ကမ္ဘာနှင့်စပ်ဆိုင်သောအသင်းတော်များမဟုတ်ပဲ ဒေသန္တရနှင့်စပ်ဆိုင်သော အသင်းတော်များသာ ဖြစ်ကြပါသည်။

တနည်းအားဖြင့် ကမ္ဘာနှင့်စပ်ဆိုင်လျက်ရှိသော အသင်းတော်ယုံကြည်သူများတို့သည် သူတို့၏ ဝိညာဉ်ရေး၊ လူမှုရေးနှင့် လောကီ၊ လောကုတ္တရာအရေးများကို ဆည်းပူးသင်ယူခြင်း၊ တည်ဆောက်ခြင်းများကို ဒေသန္တရ အသင်းတော်များအားဖြင့် အားယူ၍တည်ဆောက်မှုကို ရယူနေကြသူများဖြစ်ပါသည်။

၅။ အဆောက်အဦးသည် အသင်းတော်မဟုတ်။

ထို့ကြောင့် အသင်းတော်ဟူသည် မြင်နေရသော အဆောက်အဦးမဟုတ်ကြောင်းဆိုရပါမည်။ ထို့အတူ အသင်းတော်ဟူသည် အေဂျီ၊ နှစ်ခြင်း၊ မက်သဒက်၊ အင်္ဂလီကန်စသော ဂိုဏ်ဃဏများမဟုတ်ကြပါ။ အသင်း တော်ဟူသည် ခရစ်တော်ဘုရား၏ ကိုယ်ခန္ဓာတော်တည်းဟူသော ယုံကြည်သူများကို ဆိုလိုပါသည် (ယော၊ ၃:၁၆၊ ၁ ကော၊ ၁၂:၁၃)။

ဒေသန္တရအသင်းတော်ဟူသည် ခရစ်တော်ဘုရားကို သက်ဝင်ယုံကြည်သောသူများကို စုစည်းလျက် အတူတူ မိတ်သဟာယဖွဲ့ရာ၊ သာသနာတည်ဆောက်မှုပြုရာ အဆောက်အဦးသာဖြစ်ပါသည်။ တနည်းအားဖြင့် ထိုသူအား လုံးတို့သည် ကမ္ဘာနှင့်စပ်ဆိုင်သောအသင်းတော် အင်္ဂါချင်းများပင်ဖြစ်ကြပါသည်။ ယုံကြည်ခြင်းအားဖြင့် တစ်ဦး နှင့်တစ်ဦးတည်ဆောက်မှုကို ပြုနေကြသူများဖြစ်ကြသည်။

အသင်းတော်၏ ကိုယ်ခန္ဓာတော်ဖြစ်သော အသင်းတော်သည် ၁ ကော၊ ၁၂ တွင်ပါရှိသည့်အတိုင်း အချင်းချင်း တည်ဆောက်မှုကိုပြုကြရန်သာဖြစ်သည်။

(၁) အားပေးတိုက်တွန်းခြင်း။

(၂) ဆုံးမသွန်သင်ခြင်း။

(၃) ဖေးမတည်ဆောက်ခြင်း။

(၄) အလင်းဆောင်ခြင်း တည်းဟူသော ….

အမှုများကို ပြုကြရန် ဘုရားသခင့်အကြံအစည်တော်များပြည့်စုံစေကြရန်ဖြစ်ပါသည်။ “ထိုသူများသည် တမန်တော်တို့၏ ဆုံးမဩဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌာနပြုခြင်းတို့ကို အမြဲ ဆောင်ရွက်၍နေကြ၏” (တမန်၊ ၂:၄၂)။

နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

သမ္မာကျမ်းစာ

သမ္မာကျမ်းစာ အချို့သောသူများက နှုတ်ကပတ်တော်ကျမ်းစာသည်တစ်ခုတည်းသော သမ္မာတရားအဖြစ် ယုံကြည် ခြင်းမရှိဟုဆိုကြသည်။ ထိုသို့ပြောရခြင်းမှာလည်း အချို့က ထိုသို့သောသွန်သင်ချက်မျိုးကို မူစလင်တို့ ကိုရမ်၊ ဟိန္ဒူတို့၏ ဝေဒကျမ်းများ၌လည်းအလားတူ သွန်သင်ထားသည်ဟူ၍ ဆိုကြပါသည်။ ဆိုလိုရင်းမှာ နှုတ်ကပတ် တော်သမ္မာကျမ်းစာနည်းတူ ကိုရမ်နှင့် ဝေဒကျမ်းတို့သည်လည်းတူညီကြပြီး အချို့သောအပေါ်ယံသဘောသာ မတူညီကြခြင်းဖြစ်သည်ဟူ၍ ထင်ကြေးပေးကြပါသည်။ ဘုရားအဖြစ်တော်နှင့် ဂုဏ်တော်ကိုပဲ ကျွန်ုပ်တို့သုံးသပ်မှုပြုနိုင်ပါသည်။ နှုတ်ကပတ်တော်ကျမ်းစာက ယေရှုသည် သုံးပါးတစ်ဆူအဖြစ်တော်၌ ဒုတိယပုဂ္ဂိုလ်အဖြစ်ရှိကြောင်း အတိအလင်းဆိုထားပါသည် (မာ၊ ၁၂:၂၉၊ ယော၊ ၄:၂၄၊ ၅:၁၈-၁၉)။ ကိုရမ်ကျမ်းစာ၌ မိုဟာမက်သည် ဘုရားသခင်သည် သုံးပါးတစ်ဆူမဟုတ်ဟု သွန်သင်ထားသည်။ ဟိန္ဒူတို့၏ ဝေဒကျမ်း၌ ဘုရားများစွာရှိပါသည်။ အထူးသဖြင့်မြန်မာစကားတွင်ပါရှိသော ဂင်္ဂါဝါဠုသဲစုမကဟူသော စကားအတိုင်းဘုရားပေါင်းမရေမတွက်နိုင်အောင်များလှသည်ကို သူတို့ကျမ်းများ၌ ဖေါ်ပြထားပါသည်။ ထိုသို့ဆိုလျင် မတူကွဲပြားသောအတွင်းသဏ္ဌာန်များကို ကျွန်ုပ်တို့မြင်နိုင်ကြပြီဖြစ်ပါလိမ့်မည်။ မူစလင် နှင့် ဟိန္ဒူတွင် […]