အချို့သောသူများက ဘုရားသခင်အား အမျိုးသားဖြစ်သော ဖခင်အနေဖြင့် ပုရိသလိင် တည်းဟူသော အမျိုးသားနာမ်စားဖြင့် အသုံးပြုခြင်းအပေါ်အပြစ်တင်ကြသူများလည်းရှိသည်။ အထူးသဖြင့် ဘုရားသခင်အား သူတို့အနေဖြင့် ပုရိသ-ဣတ္ထိယအသွင်ဖြစ်သော ဒွိလိင် (သို့) ဣတ္ထိလိင်နာမ်စားအဖြစ်သာ ကိုးကွယ်လိုကြပြန် သည်။
သို့သော်လည်း နှုတ်ကပတ်တော်နှင့်အညီပြဆိုရလျင် ပုရိသဖြစ်စေ ဣတ္ထိယဖြစ်စေ တန်းတူညီမျှသော တန်ဘိုးဖြင့် ဘုရားသခင်ဖန်ဆင်းထားသည်ကို “ဘုရားသခင်သည် မိမိပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်းသည်” ဟူသော (က၊ ၁:၂၆) ကိုကြည့်ခြင်းဖြင့် မှန်ကန်စွာမြင်တွေ့နားလည်နိုင်ပါသည်။ ယုံကြည်သူတစ်ဦးအနေဖြင့် အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ဘုရားသခင့်ရှေ့တော်၌ တူညီသောဂုဏ်ဒြပ်နှင့် တူညီသောတန်ဘိုးများရှိ နေကြပါသည် (က၊ ၃:၂၈)။
ခရစ်ဝင်လေးကျမ်းကိုကြည့်လျင်လည်း ခရစ်တော်ဘုရားသည် ဣသရေလလူမျိုးတို့၏ အမျိုးသား/ အမျိုးသမီးခွဲခြားခြင်းနှင့်ပတ်သက်၍ ထိုသို့မပြုသင့်ကြောင်းကို သာဓကအနေဖြင့် ရှင်ယောဟန်၊ ၄ တွင်ကျွန်ုပ် တို့မြင်တွေ့နိုင်ပါသည်။ ထို့ကြောင့် ခရစ်ယာန်များအနေဖြင့် အမျိုးသား/အမျိုးသမီးတည်းဟူသော လိင်ခွဲခြား ခြင်းမျိုးမပြုလုပ်သင့်ပါ။
နှုတ်ကပတ်တော်၌ ဘုရားရှင်အား ဣတ္ထိယအနေဖြင့် မည်သည့်အခါမျှ ဖေါ်ပြထားခြင်းမရှိပဲ၊ ပုရိသ အနေဖြင့်ဖေါ်ပြထားသော်လည်း ဘုရားသခင့်အမှုတော်များ၌ မကြာမကြာ ဣတ္ထိယလက္ခဏာများဖြင့် အမှုပြု တော်မူခြင်းများကိုလည်း မြင်တွေ့နိုင်ပါသည်။ သာဓကအနေဖြင့်ကြည့်လျင် “ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲ့သို့ သင်၏သားတို့ကို စုရုံးစေခြင်းငှါ ကြိမ်ဖန်များစွာ ငါအလိုရှိပြီ။ သင်မူကား အလိုမရှိ” (မ၊ ၂၃:၃၇-၃၉) ဟူ၍ဖေါ်ပြထားပါသည်။ ထိုနည်းတူ ဘုရားသခင်သည် ဣသရေလလူမျိုးတော်များ နှင့်ပတ်သက်၍ သားကိုဖွားသကဲ့သို့ “သားသည်မိခင်အသွင်” (တရား၊ ၃၂:၁၈-၁၉) အမှုပြုတော်မူကြောင်း ဖေါ်ပြထားသည်ကို မြင်တွေ့နိုင်ပါသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့ လူသားများကဲ့သို့သော သဘောသဘာဝနှင့် ဖြစ်တည်မှုမတူညီပါ။ သို့ သော်လည်း ဘုရားသခင်သည် ပုရိသပုဂ္ဂိုလ်ဟူ၍လည်း မဆိုနိုင်ပါ။ သို့သော်လည်း ဘုရားသခင်သည် သူ၏ အဖြစ်တော်နှင့် ဂုဏ်တော်များတွင် “ခမည်းတော်ဘုရား” ဟူ၍ဖေါ်ပြထားရှိပါသည်။ အခြားသောသာသနာပရှိ သေတတ်သောသူများ (သို့) သက်မဲ့ရုပ်တုများ (သို့) စိတ်ကူးယဉ်သက်သက်မဟုတ်ပဲ တစ်ဦးချင်းယုံကြည်သူ များဖြင့်စစ်မှန်သော မိတ်သဟာယကိုပြုနိုင်သောဘုရားဖြစ်ပါသည်။ ထို့ကြောင့်လည်း ကျွန်ုပ်တို့သည် ထိုအရှင် အား “အဗ္ဗ” ဟူသောစကားဖြင့် ခေါ်ဆိုမှုပြုနိုင်ခြင်းဖြစ်သလို၊ မြန်မာလိုအားဖြင့် “ဖေဖေ” (သို့) “အဖ” ဟူသော စကားကို မူရင်းအာရမိတ်ဘာသာစကားအတိုင်း ညွန်းဆိုနိုင်ပါသည်။ ထိုသို့ဆိုခြင်းက ဘုရားသခင်သည် လူသား တစ်ဦးချင်းနှင့် ပေါင်းစည်းစေလိုသောအရှင် (သို့) လူသားများအား လွတ်မြောက်ရာလမ်းကို ပို့ဆောင် ပေးလိုသောအရှင်ဖြစ်ကြောင်း သိမြင်လျက် သာ၍ကိုးစားသမှုပြုနိုင်ပါသည်။
ဆင်ခြင်မှု – မိတ်ဆွေသည် အမျိုးသားဖြစ်နေခြင်း (သို့) အမျိုးသမီးဖြစ်နေခြင်းတည်းဟူသော လိင်မှုအရေး မည်သို့ပင်ရှိနေပါစေ ကောင်းကင်ဘုံရှင်ခမည်းတော်ဘုရားသည် ကျွန်ုပ်တို့တစ်ဦးချင်းကို မေတ္တာထားတော်မူ၍ ကြီးမြတ်သောမဟာကရုဏာတော်အားဖြင့် သန္တိသုခချမ်းသာစစ်ကို ပေးလိုသောဘုရားဖြစ်ပါသည်။
နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်