မိတ်သဟာယပန်းတိုင်

ခရစ်ယာန်မိတ်သဟာယ ပန်းတိုင် မှာမည်သို့နည်း 

၁။ မိတ်သဟာယ။

ခရစ်ယာန်မိတ်သဟာယဆိုရာတွင် အကြောင်းရင်းများစွာနှင့် ပန်းတိုင်များစွာပါရှိပါသည်။ ထိုအထဲတွင် ယုံကြည်သူအချင်းချင်းမိတ်သဟာယဖွဲ့ခြင်းသာမက၊ လောကီနှင့်မည်သို့ ဆက်နွယ်မိတ်သဟာယပြုရမည် ဆိုသောအကြောင်းအရင်းများစွာလည်းရှိနေပါသည်။

ဓမ္မသစ်ကျမ်းစာတွင် “အချင်းချင်းချစ်ကြလော့” ဟူသောစကားတော်သည် အားလုံးအတွက်စံပြုထိုက်သော မိန့်တော်မူချက်ဖြစ်သည်သာမက ခရစ်ယာန်မိတ်သဟာယ၏ တစ်ခုသော “သော့ချက်” ဟုလည်းဆိုထိုက်ပါ သည်။

 

၂။ မိတ်သဟာယအုတ်မြစ်မှာအဘယ်နည်း။

မိတ်သဟယာဟု သုံးနှုန်းထားသောကြောင့် ပြပင် “လူမှုရေး” နှင့် လုံးဝမတူညီပါ။ ပြင်ပလူမှုရေးသည် ပြင်ပ လူမှုရေးစည်းကမ်းများဖြင့် တည်ဆောက်ထားခြင်းဖြစ်သလို၊ မိတ်သဟာယဆိုသောအရာမှာ ဘုရားသခင့် စည်းကမ်းနှင့် ဘုရားသခင့်လမ်းစဉ်ဖြင့် ချမှတ်ထားပြီး၊ အလိုတော်ကိုအဓိကထားခြင်းမှာ စစ်မှန်သော မိတ်သ ဟာယ၏ အုတ်မြစ်လည်းဖြစ်ပါသည်။

ထို့ကြောင့် “အချင်းချင်းချစ်ကြလော့” ဆိုသောစကားတော်ကို နာခံခြင်း၊ ထိုအရှင်၏ လမ်းစဉ်ဖြင့် သွားလာ၊ ဆက်ဆံမှုပြုခြင်းသည် စစ်မှန်သော မိတ်သဟာယလည်းဖြစ်သောကြောင့်၊ ကျွန်ုပ်တို့ မိတ်သဟာယသည် “နှုတ်ကပတ်တော်နှင့်အညီ” ပြုမူကျင့်ကြံကြရပေမည်။

 

၃။ မိတ်သဟာယလမ်းညွန်ချက်များ။

“သင်တို့သည်အချင်းချင်းချစ်ကြလော့” ဟူသော စကားတော်နောက်တွင်…..

(၁) အချင်းချင်း ချစ်မြတ်နိုးခြင်း – ယော၊ ၁၃:၃၄၊ ၁၅:၁၂၊ ၁၇။
(၂) အချင်းချင်း ခွင့်လွတ်ခြင်း – ဧဖက်၊ ၄:၂၃၊ ကောလော၊ ၃:၁၃။
(၃) အချင်းချင်း အစေခံခြင်း – ဂလာ၊ ၅:၁၃။
(၄) အချင်းချင်းဧည့်ဝတ်ပြုခြင်း – ၁ ပေ၊ ၄:၇-၁၀။
(၅) အချင်းချင်း ဆုတောင်းပေးခြင်း – ယာ၊ ၅:၁၆။
(၆) အချင်းချင်း တည်ဆောက်မှုပြုခြင်း – ရောမ၊ ၁၄:၁၉၊ ၁ သက်၊ ၅:၁၁။
(၇) အချင်းချင်း နှုတ်ဆက်စကားဆိုခြင်း – ရောမ၊ ၁၆:၁၆၊ ၁ ပေ၊ ၅:၁၄။
(၈) အချင်းချင်း သည်းခံခြင်း – ဧဖက်၊ ၄:၁-၂၊ ကော၊ ၃:၁၃-၁၄)။
(၉) အချင်းချင်း စီရင်မှုမပြုခြင်း – ရောမ၊ ၁၄:၁၃။
(၁၀) အချင်းချင်း မကောင်းသတင်းမဆိုခြင်း – ယာ၊ ၄:၁၁။
(၁၁) အချင်းချင်း ညည်းတွားပြစ်တင်မှုမပြုခြင်း – ယာ၊ ၅:၉။
(၁၂) အချင်းချင်း ကိုယ်ကျိုးရှာ၍၊ မဖျက်စီးခြင်း – ဂလာ၊ ၅:၁၅။
(၁၃) အချင်းချင်း ကြိမ်းမောင်းမှုမပြုခြင်း – ဂလာ၊ ၅:၂၆။
(၁၄) အချင်းချင်း စာနာထောက်စာမှုပြုခြင်း – ၁ ကော၊ ၁၂:၂၅-၂၆။
(၁၅) အချင်းချင်း လက်ခံသမှုပြုခြင်း – ရောမ၊ ၁၅:၇။
(၁၆) အချင်းချင်း လမ်းပြသွန်သင်ခြင်း – ကောလော၊ ၃:၁၆။
(၁၇) အချင်းချင်း ဖေမပဲ့ပြင်တည်ဆောက်ခြင်း – ရောမ၊ ၁၅:၁၄၊ ကော၊ ၃:၁၆။
(၁၈) အချင်းချင်း နာခံမှုပြုခြင်း – ဧဖက်၊ ၅:၂၁-၂၂။
(၁၉) အချင်းချင်း ဝန်ချတောင်းပန်ခြင်း – ယာ၊ ၅:၁၆။
(၂၀) အချင်းချင်း သစ္စာစကားဆိုခြင်း – ကော၊ ၃:၉။
(၂၁) အချင်းချင်း ကြင်နာသမှုပြုခြင်း – ဧဖက်၊ ၄:၃၂။
(၂၂) အချင်းချင်း နှစ်သိမ့်မှုပြုပေးခြင်း – ၁ သက်၊ ၄:၁၈၊ ၅:၁၁။

အစရှိသော အမှုများကို ပြုမူဆောင်ရွက်လျက် “လောကီ” နှင့် “လောကုတ္တရာ” အကျိုးကို သယ်ပိုးနိုင်ကြစေ ရန်ဖြစ်ပါသည်။

 

၄။ မေတ္တာဖြင့် အရင်းခံတည်ဆောက်ခြင်း။

အထက်ဖော်ပြပါ နှုတ်ကပတ်စကားတော်တိုင်းသည် မိတ်သဟာယပြုရာ၌……

“သင်တို့သည် အချင်းချင်းတယောက်ကို တယောက် ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏” (ယော၊ ၁၃:၃၄) ဟူသော စကာတော်ဖြင့် အစပျိုးရပါမည်။

ခရစ်တော်ဘုရား၏ ချစ်ခြင်းမေတ္တာသည် “ခရစ်ယာန်မိတ်သဟာယ”အတွက် အသက်သွေးကြောြဖစ်သည်။
ထိုချစ်ခြင်းမေတ္တာသည်….

@ တစ်ဦးချင်းသော်လည်းကောင်း။
@ အိမ်ထောင်တွင်သော်လည်းကောင်း။
@ လုပ်ငန်းခွင်တွင်လည်းကောင်း။
@ သာသနာတွင်လည်းကောင်း။
@ မည်သည့်အမှုကိုပြုသော်လည်းကောင်း “ဗဟိုပြု” ထားရပါမည်။

 

၅။ မိတ်သဟာယ၏ အနက်အဓိပ္ပါယ်။

“ခရစ်ယာန်မိတ်သဟာယ” ဆိုသည်မှာ တစ်ဦးချင်းတည်ဆောက်မှုပြုခြင်း သက်သက်သာ ညွန်းဆိုနေခြင်း သက်သက်မဟုတ်။ ကျွန်ုပ်တို့၏ အပြောအဆို၊ အပြုအမူ၊ အသက်တာတစ်ခုလုံးအတွက် ရည်ညွန်းထားခြင်း ဖြစ်ပါသည်။

ထို့ကြောင့် “စစ်မှန်သော မိတ်သဟာယသည်” အသက်တာတစ်ခုလုံးအတွက် ဆိုလိုခြင်းဖြစ်သည်။

“အချင်းချင်း” ဆိုသောစကားအတိုင်း “ကိုယ်ကိုကိုယ်လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူ မဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့” (ယာ၊ ၁:၂၂) ဆိုသည့်အတိုင်း မှန်သောလမ်းစဉ်တွင် ကျင်လည် သူများဖြစ်ကြပါစို့။

နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

Leave a Reply

Your email address will not be published. Required fields are marked *

Related Post