အသင်းမဝင်မီလေ့လာရန်

အသင်းဝင်မဖြစ်မှီ မေးမြန်းလေ့လာသင့်သောအရာများ

အသင်းတော်တစ်ပါး၌ အသင်းသားအဖြစ် မခံယူမှီ ထိုအသင်းတော်၏ အခြေခံယုံကြည်ချက်နှင့် ရပ်တည်ချက်များကို ဦးစွာလေ့လာမှုပြုရန် လိုအပ်ပါသည်။

အကယ်၍ ထိုသို့မေးမြန်းရန် အသိမိတ်ဆွေမရှိခဲ့လျင် အသင်းတော်၏ သင်းအုပ်ဆရာနှင့်တွေ့ဆုံပြီး မေးမြန်းလေ့လာနိုင်ပါသည်။

ထိုသို့လေ့လာခြင်း၊ မေးမြန်းခြင်း၊ ဆွေးနွေးခြင်းများပြုသည့်အတွက်လည်း ဘုရားကိုချစ်သော သင်းအုပ်ဆရာသည် သင့်အားဝမ်းမြောက်စွာကြိုဆိုလျက် ဖြေကြားပေးပါလိမ့်မည်။

အောက်ပါမေးခွန်းများမှာ သင့် ကာယ၊ စိတ္တ၊ ဝိဉာဏအတွက် အမှန်အဖြေရှာလေ့လာမေးမြန်းရမည့်အရာများလည်းဖြစ်သည်။

၁။ နှုတ်ကပတ်တော်သည် ယနေ့ကျွန်ုပ်တို့ တစ်ဦးခြင်းအတွက် မမှားမယွင်းသော ပြည့်ဝစုံလင်သည့် ဘုရားစကားအဖြစ် ယုံကြည်ပါရဲ့လား။

၂။ လက်ရှိကျွန်ုပ်တို့ကိုင်နေသော ယုဒသန်ကျမ်းစာသည် မြန်မာစကားကိုအသုံးပြုသောသူများအတွက် ပြန်ပြင်ဆင်ရန်မလိုသော ဘုရားစကားတော်အဖြစ်ယုံကြည်ပါသလား။

၃။ ဘုရားသခင်သည် ခမည်းတော်ဘုရား၊ သားတော်ဘုရား၊ ဝိညာဉ်တော်ဘုရားဟူ၍တည်ရှိသော သုံးပါးတစ်ဆူအဖြစ် ယုံကြည်ပါသလား။

၄။ ခရစ်တော်ဘုရားသည် အပျိုကညာဝမ်း၌ လူ့ဇာတိကိုခံယူသော အပြစ်နှင့်ကင်းစင်၍ ဆင်းကြွတော်မူခဲ့သောဘုရားအဖြစ် ယုံကြည်ပါသလား။

၅။ ခရစ်တော်သည် ကားတိုင်တော်ထမ်းလျက် ကရနီတောင်ကုန်းထက်တွင် အသက်တော်၊ အသွေးတော်ဖြင့် ကျွန်ု်တို့ကိုယ်စား အပြစ်ကျွေးယတြာပြုတော်မူခဲ့သည်ကို ယုံကြည်ပါသလား။

၆။ ခရစ်တော်သည် ကျွန်ုပ်တို့ အကျွတ်တရား၏ ဖြောင့်မတ်ခြင်ရစိမ့်သောငှါ သေခြင်းမှ ရူပကိုယ်ခန္ဓာတော်ဖြင့် သေခြင်းမဏရာမှ ထမြောက်ရှင်ပြန်တော်မူခဲ့သည်ကို ယုံကြည်ပါသလား။

၇။ ဘုရားသခင့်သားတော်ယေရှုခရစ်တော်သည် ယခုလက်ရှိ ခမည်းတော်ဘုရားသခင်၏ လကျ်ာတော်ဘက်တွက် ကျွန်ုပ်တို့၏ အမြင့်ဆုံးသောယာဇ်ပုရောဟိတ်မင်းအဖြစ် ထိုင်လျက်နေတော်မူသည်ကို ယုံကြည်ပါသလား။

၈။ ဝိညာဉ်တော်သည် ပုဂ္ဂိုလ်တစ်ပါးအဖြစ်သာမက လောကီသားတို့အား အပြစ်တရား၊ဖြောင့်မတ်ခြင်းတရားနှင့် တရားစီရင်ခြင်းအကြောင်းများကိုဖော်ပြနေသော သန့်ရှင်းသောဝိညာ်တော်ဘုရားအဖြစ် ယုံကြည်ပါသလား။

၉။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် ဒုတိယမွေးဖွားခြင်း၊ ဝိညာဉ်တော်ဗတ္တိဇံပေးခြင်းနှင့်အတူ ခရစ်တော်၏ ကိုယ်ခန္ဓာတော်သို့ သွတ်သွင်းခြင်းကိုယ်စားပြုသောအရှင်အဖြစ် ယုံကြည်ပါသလား။

၁၀။ ကနဦးတမန်တော်များလက်ထက်ရှိ အခြားသောဘာသာစကားနှင့် အံ့ဘွယ်အမှုတို့သည် ဣသရေလလူမျိုးတို့အား မေရှိယကြွလာခြင်းနှင့် စပ်ဆိုင်သော ပရောဖက်ပြုချက်များအတိုင်း နှုတ်ကပတ်ကတိတော်ပြည့်စုံလာမှုကို အတည်ပြုခြင်းများဖြစ်ကြောင်း ယုံကြည်ပါသလား။

၁၁။ လူသားတိုင်း လောဘ၊ ဒေါသ၊ မောဟတို့ဖြင့်ဘပုထုဇဉ်ဆိုသည့်အပြစ်သားများအဖြစ် မွေးဖွာလာခြင်းနှင့် ခရစ်တော်အားဖြင့်သာ အကျွတ်တရားလမ်းရှိသည်ကို ယုံကြည်ပါသလား။

၁၂။ ခရစ်တော်ဘုရားကို အသက်သခင်ကယ်တင်ရှင်အဖြစ် ကိုးစားယုံကြည်သူတိုင်း ထာဝရလုံခြုံမှုရှိသည်ကို ယုံကြည်ပါသလား။

၁၃။ အသင်းတော်သည် ဒုတိယမွေးခြင်းခံသောသူများဖြင့် ဖွဲ့တည်လျက်ရှိသော ခရစ်တော်၏ သတို့သမီးအဖြစ် ယုံကြည်ပါသလား။

၁၄။ ဒေသန္တရ အသင်းတော်ဆိုင်ရာ အခွင့်အာဏာကို ယုံကြည်ပါသလား။

၁၅။ ဗတ္တိဇံမင်္ဂလာနှင့် ပွဲတော်မင်္ဂလာသည် အသင်းတော်များအဖို့ နှုတ်ကပတ်တော်နှင့်အညီ နာခံကျင့်သုံးခြင်းဟု ယုံကြည်ပါသလား။

၁၆။ မှားယွင်းသော မိစ္ဆာဆရာများစွာ ခရစ်ယာန်လောကတွင်ရှိနေပြီး စစ်မှန်သောခရစ်ယာန်တို့သည် သူတို့နှင့် သီးခြားဖြစ် တည်နေရမည်ကို လက်ခံယုံကြည်ပါသလား။

၁၇။ ခရစ်တော်သည် ရူပကိုယ်ခန္ဓာတော်ပါးဖြင့် ဒုတိယအကြိမ်ကြွလာခြင်းသည် တဒင်္ဂအတွင်းဖြစ်နိုင်သည်ကို ယုံကြည်ပါသလား။

၁၈။ ဘုရားအနွယ်ဝင်များအတွက် အို၊ နာ၊ သေခြင်းကင်းရာ အမှန်တည်ရှိသလို၊ ဘုရားမဲ့သူများအတွက်လည်း အပယ်ငရဲရှိသည်ကို အမှန်ယုံကြည်ပါရဲ့လား။

၁၉။ စာတန်မာရ်နတ်သည် အမှန်တည်ရှိပြီး လူများကို ကပျက်ယပျက်လုပ်နေသလို သူနှင့်အတူ သူ့နောက်လိုက်နောက်ပါတို့၏ နောက်ဆုံးလားရာသည် ထာဝရငရဲမီးအိုင်ဖြစ်ကြောင်း ယုံကြည်ပါသလား။

၂၀။ ကမ္ဘာဦးကျမ်းရှိ ဖန်ဆင်းခြင်းသည် အမှန်တကယ်ဖော်ပြပါ အတိုင်း ဖန်ဆင်းခြင်းဖြစ်ကြောင်း ယုံကြည်ပါသလား။

မေးမြန်းရာတွင်-
“ယုံကြည်သည်”ဟူသောအဖြေသည် မရှိမဖြစ်သော တည်ကြည်ခိုင်မာမှုရှိရပေမည်။

ထိုသို့မဟုတ်ပဲ “မသေချာပါ” သို့မဟုတ်”မယုံကြည်ပါ” ဆိုလျင် သင့်အနေဖြင့် အခြားအသင်းတော်တစ်ခုကို ရှာဖွေရန် လိုအပ်နေပါပြီ။

မေးခွန်းတိုင်းအား “ယုံကြည်ပါသည်” ဆိုကာမျှဖြင့် သင့်အတွက်သေချာပြီဟုကား မဆိုနိုင်သေးပါ။ အကြောင်းမှာ ယုံကြည်ချက်မှန်ပါသည်ဟု ချပြထားသော်လည်း ရပ်တည်ချက်မမှန်လျင်အချည်းနှီးပင်ဖြစ်ပေမည်။ သို့သော်ထိုသို့ ကျင့်သုံးခြင်းအားဖြင့် သင့် ကာယ၊ စိတ္တ၊ ဝိဉာဏအတွက် ဘေးကင်းစေမည့် မင်္ဂလာတစ်ပါးပင်ဖြစ်မဟုတ်ပါလား။

နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

Leave a Reply

Your email address will not be published. Required fields are marked *

Related Post