ဤဆောင်းပါးသည်ရေသိုးကျေးဇူးတော်အသင်းတော်၏ အသင်းဝင်ဖြစ်ခြင်းအတွက် ကြိုတင်လိုအပ် ချက်များ၊ အသင်းဝင်ဖြစ်ခြင်း၏တာဝန်နှင့် အကျိုးကျေးဇူးများနှင့် အသင်းဝင်ဖြစ်ခြင်းကို ဆုံးရှုံးစေမည့် အရာ များကို ထည့်သွင်းဖေါ်ပြထားခြင်းဖြစ်ပါသည်။
အသင်းဝင်အတွက် ကြိုတင်လိုအပ်ချက်များ
၁။ အသင်းသားအဖြစ် အသင်းဝင်ခြင်းမှာ မိမိဆန္ဒအလျောက်ဖြစ်ပြီး ဖိအားပေး (သို့) သိမ်းသွင်း (သို့) မြူဆွယ် ခြင်းမျိုးမပြုရ။
၂။ ယောကျ်ား၊ မိန်းမ၊ ဆင်းရဲ၊ ချမ်းသာ၊ အယုတ်၊ အမြတ်မရွေး လူမျိုးအားလုံးအတွက်ဖြစ်၍ လူမျိုးရေး၊ အဆင့် အတန်းခွဲခြားဆက်ဆံခြင်းများမပြုရ။
၃။ အသင်းဝင်တိုင်း ဒုတိယမွေးခြင်းခံပြီးသူဖြစ်ရမည်။ ခရစ်တော်အား မိမိအသက်သခင်၊ ကယ်တင်ရှင်အဖြစ် အပ်နှံသော အသက်တာရှိရမည်။ ကယ်တင်ခြင်းရပြီးသူသာ အသင်းသားဖြစ်ရမည်ဟု ယုံကြည်သည်။
၄။ အသင်းဝင်လျှောက်လိုသူတိုင်း စနစ်တကျဖြင့် အသင်းတော်ရှိ အသင်းတော်၊ အသင်းသားနှင့် စပ်ဆိုင်သော သမ္မာကျမ်းစာသင်ကြားခြင်းကို စနစ်တကျကောင်းစွာခံယူပြီးသူဖြစ်ရမည်။
၅။ အသင်းတော်၌ ဗတ္တိဇံခံယူ၍ တရားဝင်ဆက်ကပ်သူများကိုသာ အသင်းသားအဖြစ်အသိအမှတ်ပြုပါသည်။ ဖြန်းခြင်း၊ လောင်းခြင်းများကို အသင်းတော်၌အသိအမှတ်မပြုပါ။
၆။ အခြားအသင်းတော်၌ အသင်းဝင်ဖြစ်ပြီး ရေသိုးကျေးဇူးတော်အသင်းတော်၌ အသင်းဝင်အဖြစ်လျောက် ထားလိုသူသည် ယခင်အသင်းတော်ရှိအသင်းတော်မှ အသင်းပြောင်း/လွဲစာအားတစ်ပါတည်းယူဆောင်လာပေး ရမည်။
၇။ အသင်းသားအဖြစ်အသင်းဝင်လိုသူသည် အသင်းတော်ရှိ သတ်မှတ်ထားသော စံနှုန်းများအတိုင်း မေးမြန်း ခြင်း၊ အသင်းဝင်အဖြစ်လျောက်ထားခြင်းများကို အဆင့်ဆင့်လုပ်ဆောင်ရမည်။
၈။ အသင်းဝင်များမှ မွေးဖွားလာသောကလေးများသည် အသင်းတော်၌အပ်နှံပြီး အသင်းတော်၌ ပုံမှန်တက် ရောက်ပါဝင်လျက်ရှိနေပြီး၊ သတ်မှတ်ထားသောအသက်အရွယ်နှင့် သမ္မာကျမ်းစံနှုန်းများဆောင်ရွက်ပြီးသော အခါ တရားဝင်အသင်းဝင်ခြင်းကိုပြုရမည်။
အသင်းသားတာဝန်
၁။ အသင်းတော်အစီအစဉ်များဖြစ်သော ကျမ်းစာသင်ကြားခြင်း၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းနှင့် အခြား အသင်းတော်အစီအစဉ်များတွင် တက်ရောက်ပါဝင်ခြင်း။
၂။ ဆယ်ဖို့တစ်ဘို့၊ အလှူဘဏ္ဍာငွေပေးလှူခြင်းနှင့် အသင်းတော်အမှုများတွင် ငွေအား၊ လူအားဖြင့်ပါဝင်ခြင်း။
၃။ အသင်းတော်ရှိသမ္မာကျမ်းအခြေခံ အသင်းသားကျင့်ဝတ်များကို လိုက်နာခြင်း။
၄။ အသင်းတော်ပဋိညာဉ်ဆယ်ပါးကို လိုက်နာခြင်း။
၅။ အသင်းတော်၏ ယုံကြည်ချက်၊ မူဝါဒနှင့် လမ်းစဉ်များကိုလိုက်နာခြင်း။
၆။ ဆုတောင်းအစီအစဉ်၊ အသင်းတော်ရှိ အမျိုးသမီး၊ အမျိုးသား၊ လူငယ်၊ ဓမ္မပညာစသောအမှုတော်ဌာန တစ်ခု ခုတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခြင်း။
၇။ အသင်းသားတိုင်း အသင်းတော်၏ ဧဝံဂေလိ၊ အသင်းတော်တည်ဆောက်ခြင်းနှင့် သာသနာမိတ်ဖက် လှုပ်ရှား မှုများတွင် ပူးပေါင်းဆောင်ရွက်ခြင်း (သို့) အသင်းတော်ခေါင်းဆောင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။
၈။ အသင်းသားတိုင်း ညီညွတ်ရေးကိုရှေ့ရှုလျက် တစ်သီးတစ်ခြားမနေ အားလုံးပူးပေါင်းဆောင်ရွက်ခြင်း။
၉။ အသင်းသားတိုင်းအမှုတော်ဆောင်ကောင်းဖြစ်၍ အမှုတော်ဆောင်တိုင်း အသင်းသားကောင်းဖြစ်ရမည်။
အသင်းဝင်ခြင်း အကျိုးကျေးဇူးများ
၁။ အသင်းတော်အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များတွင် ပါဝင်နိုင်ခြင်း။
၂။ အသင်းတော်အစီအစဉ်များ၌ ဟောပြောခွင့်ရှိခြင်း။
၃။ အသင်းတော်ခေါင်းဆောင်များခန့်အပ်ရာ၌ ရွေးချယ်ပါဝင်ဆက်ကပ်ခွင့်ရှိခြင်း။
၄။ လိုအပ်ချက်နှင့်အညီ အသင်းတော်မှပံ့ပိုးကူညီမှုကိုခံစားရပိုင်ခွင့်ရှိခြင်း။
၅။ မင်္ဂလာဆောင်၊ အမည်ပေး၊ ကလေးဆက်ကပ်၊ အိမ်တက်မင်္ဂလာစသည်တို့တွင် အသင်းတော်ရှိသူများနှင့် အတူပူးပေါင်း၊ ပါဝင်၊ ဆက်ကပ်မှုပြုနိုင်ခြင်း။
၆။ လိုအပ်ခဲ့သော်အသင်းတော်၏ လမ်းပြခြင်း၊ သွန်သင်ခြင်း၊ ဆုံးမခြင်းစသော ဓမ္မမင်္ဂလာများကိုခံယူ (သို့) တောင်းခံနိုင်ခြင်း။
၇။ ချစ်ခင်ရသူများဆုံးပါးသွားခဲ့သော် အသင်းတော်၏အစီအစဉ်ဖြင့် သာရေး/နာရေးများတွင်ထပ်တူမျှဝေလျက် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း။
၈။ အသင်းတော်သည် အသင်းသားများ ဝိညာဉ်ရေးကိုကူညီထောက်မခြင်းပြုနေသောကြောင့် အသင်းဝင်များ အချင်းချင်းလုပ်ဖေါ်ဆောင်ဖက်များအဖြစ် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း။
၉။ သားသမီးများကို မိဘများမှ စောင့်ရှောက်သကဲ့သို့ အသင်းသားများ၏ ခန္ဓာ၊ စိတ်၊ ဝိညာဉ်အရေးသည် အသင်းတော်၏ကာကွယ်မှုအောက်တွင် လုံခြုံစွာခံစားရရှိနိုင်ခြင်း။
၁၀။ အသင်းသားတို့ ဝိညာဉ်ရေးကြီးထွားစေရန် ကယ်တင်ခြင်း၊ တပည့်တော်ဖြစ်ခြင်း၊ ကြီးရင့်ခြင်းအစရှိသော အသင်းတော်၏သာသနာအဆင့်ဆင့်လမ်းညွန်ပံ့ပိုးမှုများကို ခံစားရရှိနိုင်ခြင်း။
အသင်းသားအဖြစ်မှ ပျက်ပြယ်ခြင်း
၁။ အသင်းတော်၌ အချိန်ကာလကြာမြင့်စွာတက်ရောက်မှုမရှိသောကြောင့် ပျက်ပြယ်ခြင်း။
၂။ မိမိဆန္ဒအလျောက်အသင်းဝင်ဖြစ်ခြင်းမှ နှုတ်ထွက်၍ ပျက်ပြယ်ခြင်း။
၃။ အသင်းသားလွဲပြောင်းစာဖြင့် အခြားအသင်းတော်သို့ပြောင်းရွေ့ပျက်ပြယ်ခြင်း။
၄။ နောင်တမရမိစ္ဆာဒိဌိဖြစ်၍ နှင်ထုတ်ခြင်း (သို့) ယုံကြည်ချက် (သို့) မူဝါဒများကို မလိုက်နာ၍ ပျက်ပြယ်ခြင်း။
၅။ အသင်းတော်တစ်ခုမှခွဲထွက်သွား၍ အသင်းသားပျက်ပြယ်ခြင်း။
၆။ ဖြစ်ခဲလှသောအသင်းတော်ပိတ်သိမ်းခြင်းများကြောင့် အသင်းသားအဖြစ်မှ ပျက်ပြယ်ခြင်း။
၇။ အသက်ရှင်သူများသာ ဘုရားကျောင်းတက်နိုင်သောကြောင့် ဆုံးပါးသွားလျင်အသင်းသားအဖြစ်မှ အလိုလို ပျက်ပြယ်ခြင်း။
နိဂုံး။ ။ ဒေသန္တရအသင်းတော်များ၌ တက်ရောက်နေသော ယုံကြည်သူခရစ်ယာန်တိုင်းသည် အသင်းဝင်အဖြစ် လျောက်ထားခြင်း (သို့) အတည်ပြုဆက်ကပ်ခြင်းမရှိသေးလျင်လေ့လာသူ/ဧည့်သည်အသင်းသားသာဖြစ်သည်။
နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်
Emmanuel Keshi 290923 ၏ MEMBERSHIP OF A BAPTIST CHURCH အားမြန်မာမူပြုပါသည်။