အသင်းဝင်ရန်ပြင်ဆင်ခြင်း

အသင်းဝင်ရန် ကြိုတင်လိုအပ်ချက်များ

 

၁။ အသင်းသားအဖြစ် အသင်းဝင်ခြင်းမှာ မိမိဆန္ဒအလျောက်ဖြစ်ပြီး ဖိအားပေး (သို့) သိမ်းသွင်း (သို့) မြူဆွယ် ခြင်းမျိုးမပြုရ။

၂။ ယောကျ်ား၊ မိန်းမ၊ ဆင်းရဲ၊ ချမ်းသာ၊ အယုတ်၊ အမြတ်မရွေး လူမျိုးအားလုံးအတွက်ဖြစ်၍ လူမျိုးရေး၊ အဆင့် အတန်းခွဲခြားဆက်ဆံခြင်းများမပြုရ။

၃။ အသင်းဝင်တိုင်း ဒုတိယမွေးခြင်းခံပြီးသူဖြစ်ရမည်။ ခရစ်တော်အား မိမိအသက်သခင်၊ ကယ်တင်ရှင်အဖြစ် အပ်နှံသော အသက်တာရှိရမည်။ ကယ်တင်ခြင်းရပြီးသူသာ အသင်းသားဖြစ်ရမည်ဟု ယုံကြည်သည်။

၄။ အသင်းဝင်လျှောက်လိုသူတိုင်း စနစ်တကျဖြင့် အသင်းတော်ရှိ အသင်းတော်၊ အသင်းသားနှင့် စပ်ဆိုင်သော သမ္မာကျမ်းစာသင်ကြားခြင်းကို စနစ်တကျကောင်းစွာခံယူပြီးသူဖြစ်ရမည်။

၅။ အသင်းတော်၌ ဗတ္တိဇံခံယူ၍ တရားဝင်ဆက်ကပ်သူများကိုသာ အသင်းသားအဖြစ်အသိအမှတ်ပြုပါသည်။ ဖြန်းခြင်း၊ လောင်းခြင်းများကို အသင်းတော်၌အသိအမှတ်မပြုပါ။

၆။ အခြားအသင်းတော်၌ အသင်းဝင်ဖြစ်ပြီး ရေသိုးကျေးဇူးတော်အသင်းတော်၌ အသင်းဝင်အဖြစ်လျောက် ထားလိုသူသည် ယခင်အသင်းတော်ရှိအသင်းတော်မှ အသင်းပြောင်း/လွဲစာအားတစ်ပါတည်းယူဆောင်လာပေး ရမည်။

၇။ အသင်းသားအဖြစ်အသင်းဝင်လိုသူသည် အသင်းတော်ရှိ သတ်မှတ်ထားသော စံနှုန်းများအတိုင်း မေးမြန်း ခြင်း၊ အသင်းဝင်အဖြစ်လျောက်ထားခြင်းများကို အဆင့်ဆင့်လုပ်ဆောင်ရမည်။

၈။ အသင်းဝင်များမှ မွေးဖွားလာသောကလေးများသည် အသင်းတော်၌အပ်နှံပြီး အသင်းတော်၌ ပုံမှန်တက် ရောက်ပါဝင်လျက်ရှိနေပြီး၊ သတ်မှတ်ထားသောအသက်အရွယ်နှင့် သမ္မာကျမ်းစံနှုန်းများဆောင်ရွက်ပြီးသော အခါ တရားဝင်အသင်းဝင်ခြင်းကိုပြုရမည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Post