ခရစ်တော်ကို အသက်သခင်ကယ်တင်ရှင်အဖြစ် သက်ဝင်ယုံကြည်သည်နှင့် ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင့်အနွယ်တော်ဝင် အိမ်တော်သားဖြစ်ခွင့်မှာ ထာဝရဖြစ်သည် (ရော၊ ၈:၂၈-၃၀)။ ဘုရားသားသမီးများ ဖြစ်သောကျွန်ုပ်တို့သည် မည်သို့သောဖြစ်တည်မှုပင်ရှိပါစေ ထာဝရအိမ်တော်သားအဖြစ် စိတ်ချလုံခြုံမှုရှိနေပါ သည်။
ထိုသို့ဆိုခြင်းဖြင့် ခရစ်ယာန်တို့သည် လုံးဝအမှားအယွင်းများမပြုနိုင်တော့ဟူ၍ ဆိုလိုခြင်းမဟုတ်ပါ။ မှန်ပါသည် မစုံလင်သောလောကတွင် ခရစ်ယာန်တို့သည် အမှားကိုကျူးလွန်မိသည့်တိုင် ထိုသို့သောဘဝလမ်း စဉ်တို့၌ နောင်တမရလျင် ဘုရားသခင်သည် မိဘဖြစ်သည့်အတိုင်း ဆုံးမသွန်သင်မှုကိုပြု၍ နောင်တလမ်းသို့ပို့ ဆောင်ပေးတော်မူပါလိမ့်မည် (ဟေဗြဲ၊ ၁၂:၄-၁၁)။ ခရစ်ယာန်တို့အနေဖြင့် ဘုရားသခင့်အထံတော်မှ သာမန်ဆုံး မခြင်းကို နားထောင်ခြင်းမရှိပါလျင် ကြီးစွာသောဆုံးမခြင်းကို အမှန်ပင်ခံယူကြရမည်မှာ မည်သို့မှရှောင်လွဲမရ နိုင်သော မိဘနှင့်သားသမီးများအကြားရှိ နိယာမတစ်ခုပင်ဖြစ်သည်။
ဧဖက်၊ ၄:၃၀ ၌ ကျွန်ုပ်တို့အားလုံးသည် ရွေးနှုတ်ခြင်းနေ့ရက်တိုင် တံဆိပ်ရိုက်ခြင်းကို ခံထားရသူများ ဖြစ်ကြောင်းဆိုထားပါသည်။ ထိုတံဆိပ်ရိုက်ခြင်းဆိုသည်မှာ ဘုရားသခင်မှ ကျွန်ုပ်တို့ကို ပိုင်ဆိုင်သောအရှင်ဖြစ် မှုနှင့် အထံတော်ရောက်သည့်တိုင် လုံခြုံမှုနှင့် အာမခံမှုကိုပြုဆိုခြင်းဖြစ်သည်။ ထို့ကြောင့် ထိုတံဆိပ်ခတ်နှိပ်ခြင်း ဆိုသည်မှာ ထာဝရနန်းအမတိုင်သက်ရောက်စေသော အာမခံမှုပင်ဖြစ်သည်။
ထိုမျှမက ဘုရားသခင်သည် ကြီးမြတ်သောတန်ခိုးတော်၊ ဉာဏ်တော်၊ ကျေးဇူးကရုဏာလက်တော်ဖြင့် ကျွန်ုပ်တို့ကို မည်သူတစ်ဦးတစ်ယောက်မှ လုယူဖျက်စီးခြင်းငှါ အခွင့်ပေးတော်မမူစောင့်ထိန်းတော်မူလျက်ရှိပါ သည် (ယော၊ ၁၀:၂၈-၃၀၊ ၁၃:၁)။ ဘုရားသခင်သည် ကျွန်ုပ်တို့အား စောင့်ထိန်းပို့ဆောင်လျက်ရှိတော်မူသော ကြောင့် ကြီးမြတ်သောဘုရားသခင့်အကြံအစည်တော်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ ပျက်စီးခြင်းငှါ မစွမ်း ဆောင်နိုင်ပါ (ဟေရှာ၊ ၁၄:၂၄)။
ထိုမျှမက သာ၍ကြီးမြတ်သော ကတိတော်မှာ ခရစ်တော်ဘုရားကိုယ်တော်တိုင် ကျွန်ုပ်တို့ကိုယ်စား ခမည်းတော်အထံတော်၌ တောင်းပန်သမှုကိုအမြဲပြုလျက်ရှိနေပါသည် (ဟေဗြဲ၊ ၇:၂၅)။ ခရစ်တော်သည် ကျွန်ုပ် တို့ကိုယ်စားအမှုပြုတော်မူသောအရှင်၊ ယဇ်ပုရောဟိတ်မင်းနှင့် သံတမန်လည်းဖြစ်တော်မူ၍ ကျွန်ုပ်တို့၏ မစုံ လင်ခြင်း၊ အားနည်းခြင်းများကို မစတော်မူလျက် ကြီးရင့်မှုရှိသည့်တိုင် ပို့ဆောင်ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့ လူသားများမစုံလင်မှုကို ဘုရားသခင်သိမြင်တော်မူပါသည်။ ထို့ကြောင့်လည်း ခရစ်တော်သည် လောကရှိသာသ နာအမှုပြုစဉ်ကပင်လျင် ကျွန်ုပ်တို့ကိုယ်စားတောင်းဆုပြုပေးခဲ့သည် (လု၊ ၂၂:၃၁-၃၂)။
ထိုမျှမက သာ၍ကြီးမြတ်မှုကိုကြည့်လျင် ယုံကြည်သူတို့၏ အနာဂတ်ကိုဘုရားရှင်သည် ကောင်းကင် ဘုံ၌ကြိုတင်ပြင်ဆင်ပေးလျက်ရှိထားနေခြင်းက လွန်စွာဝမ်းမြောက်ဖွယ်ရာကောင်းလှပါသည်။ ထို့ကြောင့် ယုံကြည်သူတစ်ဦး၏ လက်ရှိဘဝနှင့် နောင်လာလတံ့သောဘဝတို့သည် ဘုရားသခင်အားဖြင့် လုံခြုံလျက်ရှိနေ ပါသည်။
ဆင်ခြင်မှု – ဘုရားသခင်၏ ကယ်ချွတ်ခြင်းအကျွတ်တရားလမ်းစဉ်၌ ကျွန်ုပ်တို့သည် ခန္ဓာ၊ စိတ်၊ ဝိညာဉ်သုံးပါး လုံးငြိမ်းအေးစွာဖြင့် ခိုနားမှုပြုနိုင်ပါသည်။
နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်