သန့်ရှင်းဝိညာဉ်တော်

၁။ ဝိဝါဒကွဲပြားမှုများ။

သန့်ရှင်းသောဝိညာဉ်တော်နှင့် စပ်ဆိုင်ပြီး များစွာသော လွဲမှားမှုများစွာရှိကြပါသည်။

အချို့က သန့်ရှင်းသောဝိညာဉ်တော်သည် လျို့ဝှက်ဆန်းကြယ်သောအားအင်တစ်ရပ်အဖြစ်ဆိုကြသလို၊ အချို့ကလည်း ဘုရားသခင့်အထံ တော်မှသက်ရောက်လာသော သက်မဲ့ဖြစ်သည့်တန်ခိုးတော်အဖြစ်ဆိုကြပြီး၊ ထိုတန်ခိုးတော်က ခရစ်တော်နောက်လိုက်များအတွက် ဘုရား သခင်ပေးအပ်ထားသောအရာဟူ၍ဆိုကြသည်။

နှုတ်ကပတ်တော်က မည်သို့ဆိုထားပါသနည်း။

နှုတ်ကပတ်တော်တွင်ကြည့်လျင် ရိုးရှင်းစွာဆိုထားမှုက ထိုသန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားဖြစ်သည်ဟူ၍ဆိုထားပါသည်။ ထို့အတူ သန့်ရှင်းသောဝိညာဉ်တော်သည် လူပုဂ္ဂိုလ်တစ်ဦးကဲ့သို့ စိတ်၊ ဝိညာဉ်နှင့် ခံစားတတ်သောသဘောများရှိသော ဝိညာဉ်တော်ဘုရားအဖြစ် ဖေါ်ပြထားပါသည်။

 

၂။ သန့်ရှင်းသောဝိညာဉ်တော်ဘုရား။

သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားဖြစ်တော်မူကြောင်း နှဒတ်ကပတ်တော်တွင် နေရာများစွာတွေ့ရပါသည်။ ထိုအထဲတွင် တမန်၊ ၅:၃-၄ တွင်ဖေါ်ပြခြင်းမှာလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။

အထက်ပါကျမ်းချက်တွင် အာနနိတို့သည် ပေတရုရှေ့မှောက်၌ လိမ်ညာမှုကိုပြုသောအခါ၌ “ပေတရုကလည်း၊ အာနနိ၊ သင်သည်သန့်ရှင်း သောဝိညာဉ်တော်ကိုလှည့်စား၍……..လူကိုသာ မုသာပြောပြီမဟုတ်၊ ဘုရား သခင်ကိုလည်း မုသာပြောပြီဟု ပေတရုဆို၏” ဟူ၍တွေ့ရပါ သည်။

ထို့ကြောင့် ကျွန်ုပ်တို့အားလုံး ရှင်းလင်းစွာသိမြင်နိုင်သည်မှာ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားဖြစ်ကြောင်းနှင့် ဘုရားသခင်တစ်ပါး တည်းသာလျင်ပိုင်သော အနဂတ္တဿဉာဏ်တော်ကို ပိုင်ဆိုင်ထားကြောင်းမြင်တွေ့ရပါသည်။

ထိုသန့်ရှင်းသောဝိညာဉ်တော်နှင့်စပ်ဆိုင်၍ “ဝိညာဉ်တော်နှင့်လွတ်ခြင်းအလိုငှါ အဘယ်အရပ်သို့ သွားနိုင်ပါမည်နည်း။ မျက်နှာတော်နှင့် လွတ်ခြင်းအလိုငှါ အဘယ်အရပ်သို့ ပြေးနိုင်ပါမည်နည်း။ ကောင်းကင်သို့တက်လျှင် ကိုယ်တော်ရှိတော်မူ၏။ မရဏနိုင်ငံ၌ အိပ်ရာကို ခင်းလျှင် ကိုယ်တော်ရှိတော်မူ၏” (ဆာ၊ ၁၃၉:၇-၈)။

ထို့အတူ ၁ ကော၊ ၂:၁၀-၁၁ တွင်ကြည့်ပါကလည်း ဘုရားသခင်သည် ကျွန်ုပ်တို့အား သန့်ရှင်းသောဝိညာဉ်တော်ဘုရားအားဖြင့် အလိုတော် ကိုဖွင့်ပြထားကြောင်းတွေ့ရပါသည်။ “ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အားဘော်ပြတော်မူ၏။ ဝိညာဉ်တော် သည် ဘုရားသခင်၏ နက်နဲသော အရာတိုင်အောင် ခပ်သိမ်းသော အရာတို့ကိုစစ်တော်မူ၏။ လူ၏နက်နဲသော အရာကို လူ၌ရှိသော မိမိစိတ် ဝိညာဉ်မှတပါး အဘယ်သူသိသနည်း။ ထိုနည်းတူ ဘုရားသခင်၏ နက်နဲသောအရာကို ဘုရားသခင်၏ ဝိညာဉ်တော်မှ တပါးအဘယ်သူမျှ မသိ”။

၃။ သန့်ရှင်းသောဝိညာဉ်တော်၏ အဖြစ်တော်။

ဝိညာဉ်တော်ဘုရားသည် ပုဂ္ဂိုလ်ဖြစ်ကြောင်း ကျွန်ုပ်တို့ကောာင်းစွာသိနိုင်ပါသည်။

သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် စိတ်၊ အလို၊ ဆန္ဒများနှင့်အတူ ပုဂ္ဂိုလ်တော်တစ်ပါး၏ ဖြစ်တည်မှုကိုအရှင်းသာမြင်တွေ့နိုင်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ….

(၁) တွေးခေါ်တတ်သည့်နည်းတူ သိမြင်တော်မူသည် (၁ ကော၊ ၂:၁၀)။

(၂) ဝမ်းနည်းခံစားနိုင်သည် (ဧဖက်၊ ၄:၃၀)။

(၃)  ကိုယ်စားဆုတောင်းပေးလျက်ရှိသည် (ရောမ၊ ၈:၂၆-၂၇)။

(၄) အလိုတော်နှင့်အညီ ဆုံးဖြတ်တော်မူသည် (၁ ကော၊ ၁၂:၇-၁၁)။

အစရှိသဖြင့် မြင်တွေ့နိုင်သည်သာမက ….

သန့်ရှင်းသောဝိညာဉ်တော်သည် သုံးပါးတစ်ဆူအဖြစ်တော်၌ တတိယပုဂ္ဂိုလ်တော်လည်းဖြစ်ပါသည်။

သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားဖြစ်တော်မူသည့်နည်းတူ ခရစ်တော်ဘုရားအား လောကတွင်နှစ်သိမ့်မှုများကိုပေးတော်မူခဲ့သည် သာမက ကျွန်ုပ်တို့ယုံကြည်သူများကိုလည်း ကတိတော်နှင့်အညီ စေလွှတ်ပေးတော်မူသော တစ်ပါးတည်းသော “ဥပဇ္ဈာယ်ဆရာ” လည်း ဖြစ်ပါသည် (ယော၊ ၁၄:၁၆၊ ၂၆၊ ၁၅:၂၆)။

 

နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

ကယ်တင်ခြင်းစိတ်ချမှု

ခရစ်တော်ကို အသက်သခင်ကယ်တင်ရှင်အဖြစ် သက်ဝင်ယုံကြည်သည်နှင့် ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင့်အနွယ်တော်ဝင် အိမ်တော်သားဖြစ်ခွင့်မှာ ထာဝရဖြစ်သည် (ရော၊ ၈:၂၈-၃၀)။ ဘုရားသားသမီးများ ဖြစ်သောကျွန်ုပ်တို့သည် မည်သို့သောဖြစ်တည်မှုပင်ရှိပါစေ ထာဝရအိမ်တော်သားအဖြစ် စိတ်ချလုံခြုံမှုရှိနေပါ သည်။  ထိုသို့ဆိုခြင်းဖြင့် ခရစ်ယာန်တို့သည် လုံးဝအမှားအယွင်းများမပြုနိုင်တော့ဟူ၍ ဆိုလိုခြင်းမဟုတ်ပါ။ မှန်ပါသည် မစုံလင်သောလောကတွင် ခရစ်ယာန်တို့သည် အမှားကိုကျူးလွန်မိသည့်တိုင် ထိုသို့သောဘဝလမ်း စဉ်တို့၌ နောင်တမရလျင် ဘုရားသခင်သည် မိဘဖြစ်သည့်အတိုင်း ဆုံးမသွန်သင်မှုကိုပြု၍ နောင်တလမ်းသို့ပို့ ဆောင်ပေးတော်မူပါလိမ့်မည် (ဟေဗြဲ၊ ၁၂:၄-၁၁)။ ခရစ်ယာန်တို့အနေဖြင့် ဘုရားသခင့်အထံတော်မှ သာမန်ဆုံး မခြင်းကို နားထောင်ခြင်းမရှိပါလျင် ကြီးစွာသောဆုံးမခြင်းကို အမှန်ပင်ခံယူကြရမည်မှာ မည်သို့မှရှောင်လွဲမရ နိုင်သော မိဘနှင့်သားသမီးများအကြားရှိ နိယာမတစ်ခုပင်ဖြစ်သည်။ ဧဖက်၊ ၄:၃၀ ၌ ကျွန်ုပ်တို့အားလုံးသည် ရွေးနှုတ်ခြင်းနေ့ရက်တိုင် တံဆိပ်ရိုက်ခြင်းကို ခံထားရသူများ ဖြစ်ကြောင်းဆိုထားပါသည်။ ထိုတံဆိပ်ရိုက်ခြင်းဆိုသည်မှာ ဘုရားသခင်မှ ကျွန်ုပ်တို့ကို […]