ကျမ်းစာခေတ်နဲ့ညီရဲ့လား

ကျမ်းစာ ခေတ်နဲ့လျော်ညီပါရဲ့လား

 

၁။ နှုတ်ကပတ်တော်၏ ဂုဏ်အင်္ဂါတော်။

“ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာ တို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့် စိတ်ဝိညာဉ်ကို၄င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို၄င်း ပိုင်းခြား ၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏” (ဟေဗြဲ၊ ၄း၁၂)။

နှုတ်ကပတ်ကျမ်းစာသည့ နှစ်ပေါင်း ၂၀၀၀ နီးပါးခန့်မှ လူတိုင်းလက်သို့ ရောက်ရှိလာခဲ့သည့်တိုင်၊ ယနေ့ထက်တိုင်ထိ ကျိုးကြောင်းဆီလျော်ပြီး၊ ပြောင်းလဲခြင်းကင်းစွာဖြင့် တည်တံ့မြဲမြံလျက်ရှိပါသည်။

နှုတ်ကပတ်တော်သည် ဘုရားသခင့်အလိုတော်နှင့် လူသားတို့အဖို့ရှိထားသောဘုရားသခင့်ဖွင့်ပြမှု အရင်းအမြစ်လည်းဖြစ်သည်။ ထို့အတူယနေ့တိုင်လူသားတို့အတွက် ကောင်းကြီးမင်္ဂလာအဖြာဖြာကိုပေးလျက်ရှိပါသည်။

 

၂။ နှုတ်ကပတ်တော်မှ ဖွင့်ပြမှုများ။

နှုတ်ကပတ်ကျမ်းစာတွက် လောကီသားအားလုံးအဖို့ ကြီးစွာသော သတင်းအချက်အလက်များကိုပေးပြီး၊ ထိုအချက်အလက်များကို အခြေခံလျက် သုသေတနပြုခြင်း၊ ရှာဖွေလေ့လာခြင်းနှင့် ဖော်ထုတ်မှုများစွာကိုပြု လျက် မှန်ကန်မှုကိုလည်း အတည်ပြု၊ သက်သေပြလျက်ရှိပါသည်။

ထိုအထဲမှ အချို့သောကျမ်းများကို ဖော်ပြရလျင် ဝတ်ပြု၊ ၁၇း၁၁၊ ဒေသ၊ ၁း၆-၇၊ ယောဘ၊ ၃၆း၂၇-၂၉၊ ဆာလံ၊ ၁၀၂း၂၅-၂၇ နှင့် ကောလော၊ ၁း၁၆-၁၇ တို့ကိုလေ့လာမှုပြုနိုင်ပါသည်။

နှုတ်ကပတ်တော်တွင် လူသားတို့အဖို့ ဘုရားသခင်ထားရှိသော အကြံအစည်နှင့် ရည်ရွယ်ချက်များကို အထင်အရှား မှန်ကန်စွာဖွင့်ဆိုထားသည်။

ထိုနှုတ်ကပတ်တော်၌ပင်…

  • လူသားတို့အစ။
  • အပြစ်တရားအစ။
  • ဘုရားသခင့်ရွေးနှုတ်ခြင်းကတိတော်။
  • လူသားတို့၏ ယခုဘဝနှင့် နောင်ဘဝနှစ်ရပ်အကြောင်း အစရှိသဖြင့် တစ်ဆင့်ချင်းကို ရှင်လင်းပြတ်စွာ ဖော်ပြထားသည်။

ယနေ့ကျွန်ုပ်တို့နေ့ရက်တိုင်အောင် မှန်ကန်၍ ခေတ်နဲ့လျော်ညီထွေနေကြောင်းကို အားလုံးမြင်သိနိုင်ပါသည်။ အခြားသောစာပေတို့သည် သူတို့ခေတ်ကာလတစ်ခုအတွက် အသုံးတည့်သော်လည်း နှုတ်ကပတ်သမ္မာကျမ်းစာလိုမျိုး…

  • လူမျိုးတိုင်း။
  • နိုင်ငံတိုင်း။
  • အသက်အရွယ်မရွေးလိုက်ညီထွေမှုရှိသော စာပေကျမ်းဂန်ဟူသည် သမ္မာကျမ်းစာမှအပ မတွေ့၊ မမြင်၊ မရှိနိုင်သေးပါ။

 

၃။ နှုတ်ကပတ်တော်၏ စစ်မှန်မှုသက်သေ။

နှုတ်ကပတ်တော်ရှိ သမိုင်းဖြစ်စဉ်များစွာ မှတ်တမ်းတင်ထားမှုများကို အခြားသော စာပေကျမ်းများစွာကလည်း အတည်ပြုထားကြသည်။

သမိုင်းဖြစ်စဉ်များကို နှုတ်ကပတ်တော်အားဖြင့် ချိန်ထိုးပြီး ဟုတ်မှန်၍ တူညီ်မှုရှိကြောင်း သုသေတီများ မှလည်းအတည်ပြုစစ်တမ်းပြုစုကြသည်။

သို့သော် အထက်တွင်ဖော်ပြခဲ့သော လောကီရေး၊ လောကုတ္တရာရေးနှင့် သမိုင်း၊ ဒဿနိကဖြစ်စဉ်များစွာ ပါရှိသော်လည်း နှုတ်ကပတ်တော်သည် သမိုင်းစာအုပ်၊ သင်ရိုးစာအုပ်၊ သိပ္ပံစာအုပ်စသော စာအုပ်မဟုတ်ပါ။

နှုတ်ကပတ်တော်သည် ဘုရားသခင်မှ သူ့အဖြစ်တော်နှင့် လူသားများအဖို့ထားရှိသော မဟာအကြံအစည်တော်များကို သိရှိစေရန် ကျွန်ုပ်တို့အားပေးအပ်ခဲ့သော ဘုရားသခင်၏ နှုတ်ထွက်စကားတော်များသာဖြစ်သည်။

 

၄။ အဓိကနှင့် သာမည။

အဓိကဖြစ်စဉ်များမှာ လူသားအား မည်သို့ဖန်ဆင်းခဲ့ခြင်း၊ အပြစ်မည်သို့ ကျရောက်ခဲ့ခြင်း၊ ဘုရားသခင်နှင့် မည်သို့မိတ်သဟာယပြတ်တောက်ခဲ့ခြင်းစသည်တို့နှင့်အတူ သားတော်ယေရှုခရစ်အားဖြင့် ဘုရားနှင့်လူ မည်သိုု့ပြန်လည်သင့်မြတ်စေကြောင်းကို ဖော်ပြထားခြင်းဖြစ်သည်။

ကျွန်ုပ်တို့လူသားများအားလုံးလိုအပ်နေသည့် ကယ်တင်ခြင်းတည်းဟူသော အကျွတ်တရားလမ်းလည်း ပြောင်းလဲခြင်းမရှိသလို၊ ပြန်လည်သင့်မြတ်စေလိုသော ဘုရားသခင့်အလိုတော်လည်း ယခုထက်ထိတိုင် ပြောင်းလဲခြင်းမရှိသော မဟာစီမံကိန်ပင်ဖြစ်နေလျက်ရှိပါသည်။

နှုတ်ကပတ်တော်သည် လူသားတို့၏ အစနှင့်အဆုံးထိတိုင် ဖော်ပြထားသောကျမ်းမြတ်ဖြစ်သည်သာမက လူသားတို့၏ သဘောမှန်၊ ဖြစ်တည်မှု အမှန်ကိုလည်း လူတိုင်းနားလည်သိရှိစေရန် အစုံအလင်ဖော်ပြထားသည်။

ဘုရားသာမပါလျင် လူသည်အချည်းနှီးဖြစ်ပြီး၊ ထိုဘုရား၏ မစခြင်းကို ခံယူရန်လိုအပ်နေသော ကယ်ချွတ်တော်မူခြင်းသည် မပြောင်းမလဲ၊ တည်ရှိနေသော လူမျိုးတိုင်း၊ နိုင်ငံတိုင်း၊ အသက်အရွယ်အတိုင်းလိုအပ်နေသော အစစ်အမှန် ပကတိတရားလည်းဖြစ်ပေသည်။

ဘုရားသခင့်စကားတော်သည် ခေတ်နောက်ကျသွားခြင်း၊ မွမ်းမံရန်လိုအပ်ခြင်း၊ ဖြည့်စွက်ပယ်နှုတ်ခြင်းများလည်း ပြုရန်မလိုအပ်။

ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနှင့် လူတို့၏ ဥပဒေတို့သည် ပြုပြင်ပြောင်းလဲရန် လိုအပ်ကြသော်လည်း ဘုရားစကားနော်မူကား ကနဦးမှသည် ယနေ့ ထက်ထိတိုင် လျော်ကန်သင့်မြန်၍၊ ညီညွတ်နေသော တရားစကားပင် ဖြစ်ပါသည်။

 

နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

ကယ်တင်ခြင်းစိတ်ချမှု

ခရစ်တော်ကို အသက်သခင်ကယ်တင်ရှင်အဖြစ် သက်ဝင်ယုံကြည်သည်နှင့် ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင့်အနွယ်တော်ဝင် အိမ်တော်သားဖြစ်ခွင့်မှာ ထာဝရဖြစ်သည် (ရော၊ ၈:၂၈-၃၀)။ ဘုရားသားသမီးများ ဖြစ်သောကျွန်ုပ်တို့သည် မည်သို့သောဖြစ်တည်မှုပင်ရှိပါစေ ထာဝရအိမ်တော်သားအဖြစ် စိတ်ချလုံခြုံမှုရှိနေပါ သည်။  ထိုသို့ဆိုခြင်းဖြင့် ခရစ်ယာန်တို့သည် လုံးဝအမှားအယွင်းများမပြုနိုင်တော့ဟူ၍ ဆိုလိုခြင်းမဟုတ်ပါ။ မှန်ပါသည် မစုံလင်သောလောကတွင် ခရစ်ယာန်တို့သည် အမှားကိုကျူးလွန်မိသည့်တိုင် ထိုသို့သောဘဝလမ်း စဉ်တို့၌ နောင်တမရလျင် ဘုရားသခင်သည် မိဘဖြစ်သည့်အတိုင်း ဆုံးမသွန်သင်မှုကိုပြု၍ နောင်တလမ်းသို့ပို့ ဆောင်ပေးတော်မူပါလိမ့်မည် (ဟေဗြဲ၊ ၁၂:၄-၁၁)။ ခရစ်ယာန်တို့အနေဖြင့် ဘုရားသခင့်အထံတော်မှ သာမန်ဆုံး မခြင်းကို နားထောင်ခြင်းမရှိပါလျင် ကြီးစွာသောဆုံးမခြင်းကို အမှန်ပင်ခံယူကြရမည်မှာ မည်သို့မှရှောင်လွဲမရ နိုင်သော မိဘနှင့်သားသမီးများအကြားရှိ နိယာမတစ်ခုပင်ဖြစ်သည်။ ဧဖက်၊ ၄:၃၀ ၌ ကျွန်ုပ်တို့အားလုံးသည် ရွေးနှုတ်ခြင်းနေ့ရက်တိုင် တံဆိပ်ရိုက်ခြင်းကို ခံထားရသူများ ဖြစ်ကြောင်းဆိုထားပါသည်။ ထိုတံဆိပ်ရိုက်ခြင်းဆိုသည်မှာ ဘုရားသခင်မှ ကျွန်ုပ်တို့ကို […]